
ဇမ္ဗူသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ် ရေးကတ်ပြား ပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီက ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ ရပ်ကွက် ကိုးနဝင်းဆုတောင်း ပြည့်ဘုရား အောင်ချမ်းသာ ဓမ္မာရုံ အတွင်း ကျင်းပသည်။
ကြည့်ရှု
ရှေးဦးစွာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှု ပြီး(အပေါ်ပုံ) ဆောင်ရွက်ပြီးစီး သော အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင် နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က ရပ်ကွက်နေ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အား ပေးအပ်ရာ နိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိသူများ၏ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။
ရာခိုင်နှုန်းပြည့်ပြီးစီး
ဇမ္ဗူသီရိမြို့နယ် အနေဖြင့် ယနေ့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၂ စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၃ ကတ် ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ပန်းခင်းစီမံချက်ကာလ အတွင်း ပြည်သူ ၅၇၃၁ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း ၁၄၂၈ စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ၃၇၃၅ ဦးအထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ၆၇ ရာခိုင်နှုန်း ဆောင်ရွက်ပေးပြီးဖြစ် ကြောင်းနှင့် ရာခိုင်နှုန်းပြည့် ပြီးစီး သည်အထိ ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်