
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မြန်မာအီလက် ထရောနစ် မဲပေးစက် ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒ ရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ဇမ္ဗူသီရိ မြို့နယ်အတွင်း ပထမနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့မှ ကိုယ်စား လှယ်များ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သပြေကုန်း ရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိ ရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် အလျင်လို ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေး မှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိ သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်တည်ဆောက်ပုံ၊ စက် နှင့် စပ်လျဉ်းသည့် အချက်အလက် များနှင့် မဲပေးပုံနည်းလမ်းများကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိ နားလည်ပြီး ကောင်းမွန်စွာ အသုံးပြု ဆောင်ရွက်နိုင်ရန် လက်တွေ့သရုပ်ပြ ရှင်းလင်းပြသ ကြသည်။
ထို့နောက် မဲဆန္ဒရှင် ပြည်သူ များက လက်တွေ့စမ်းသပ်မဲပေး ခြင်းများ ဆောင်ရွက်ကြ ရာ ၎င်းတို့ကိုယ်တိုင် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေး စက်မှ ထုတ်ပေးသည့် မဲရလဒ် စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက် မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို အလှည့်ကျဆောင်ရွက်ကြသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၄ ခု မှ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်း သရုပ်ပြသခြင်းနှင့် စမ်းသပ် မဲပေးခြင်းများကို နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်