
ဇလွန် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၁၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ဇလွန် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလ ပတ် ( ဇူလိုင် ၊ သြဂုတ်၊ စက်တင်ဘာ)လများ အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယဦးစီးမှူး ဒေါ်အေးသန့်ဗိုလ်တို့က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၀၇၀ အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်း နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း ၃၂၁၀၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများက လူမှုရေးပင်စင် ရရှိသူ ဘိုးဘွားများထံသို့တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)