ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ အကြိမ် (၅၀)မြောက် မသိုးသင်္ကန်းတော်မြတ် ရက်လုပ်ကပ်လှူပူဇော်ပွဲ

 

ဇလွန်    နိုဝင်ဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး ဇလွန်​မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ အကြိမ်(၅၀)မြောက်    မသိုးသင်္ကန်းတော်မြတ်  ရက်လုပ်ကပ်လှူ ပူဇော်ပွဲကို ယနေ့နံနက် ၄ နာရီက  ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏   ဂန္ဓာကုဋီတိုက်တွင်     ကပ်လှူ ပူဇော်သည်။

 


မသိုးသင်္ကန်းတော်မြတ် ရက်လုပ်ကပ်လှူပူဇော် ရာတွင်   ကိန္နရီ စင်တော်၊   သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီ စင်တော်၊ အမယာစင်တော်တို့မှ ရက်လုပ်လှူဒါန်း ထားသော မသိုးသင်္ကန်းတော်မြတ်အား မာရ်အောင် မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား   ဆက်ကပ် ပူဇော်ခဲ့ပြီး   နံ့သာကိုးမျိုးဖြင့်    မျက်နှာ​တော်သစ်​ ရောင်​တော်ဖွင့်ခဲ့သည်။

 


ယင်းနောက်   မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား  ဆရာတော်၊ သံဃာတော်များ ခြံရံပြီး ဘုရားအနေကဇာတင်မြှောက်ခြင်း ပြုလုပ်၍ သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုး၊ မုန့်ဆွမ်းကိုးမျိုး ကပ်လှူ ပူဇော်ခဲ့ပြီး ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအားတန်ဆောင်မုန်းလပြည့်​ကျာ် ၁ ရက်အထိ  လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ပူဇော်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ငွေသန်း
ဝေယံ(ဇလွန် )