ဇလွန် - ပျဉ်းမကုန်း - ရှမ်းစုလမ်းမပေါ် ရေကျော်၍ တံတားနိမ့်ကျ

 

ဇလွန်   ဇူလိုင်     ၃၀


ဇလွန်မြို့နယ်ရှိ       ဇလွန် - ပျဉ်းမကုန်း - ရှမ်းစုလမ်းမပေါ်      ရေကျော်၍     တံတားနိမ့်ကျမှု အခြေအနေကို   တိုင်းဒေသကြီး      စီးပွားရေးရာဝန်ကြီး   ဦးတင်အေး နှင့်အဖွဲ့ဝင်များက  ယနေ့နံနက် ၁၀ နာရီတွင် သွားရောက်ကြည့်ရှု   စစ်ဆေးပြီး  လမ်းပန်းဆက်သွယ် ရေး   ပြတ်တောက်မှုမရှိစေရေး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။


ဦးစွာ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးနှင့်   အဖွဲ့ဝင်များ သည်  မိုးသည်းထန်စွာရွာသွန်း ပြီး ရေတိုက်စားမှုကြောင့် ဇလွန်- ပျဉ်းမကုန်း   -   ရှမ်းစုလမ်းမိုင်   (၅/၅) - (၅/၆) အတွင်း  တံတား ယာဉ်သွားလမ်း    နိမ့်ကျနေမူ၊    ဇလွန်ဘက်ကမ်း     ချဉ်းကပ် ကွန်ကရစ်လမ်း ၁၀ ပေ၊ ရှမ်းစု ဘက်ကမ်း  ချဉ်းကပ်ကွန်ကရစ် လမ်း ရှစ်ပေ ပြတ်ကျနေမှုတို့ကို    ကြည့်ရှုစစ်ဆေး၍   လမ်းပန်း ဆက်သွယ်ရေး    ပြတ်တောက်မှု     မရှိစေရန်   ယာယီတံတား  အမြန် ဆုံးဆောင်ရွက်ရန်နှင့်   ဘေလီ သံပေါင်တံတားထိုးနိုင်ရေး ဆောင် ရွက်ကြရန် မှာကြားခဲ့သည်။  

          
ဝေယံ(ပြန်/ဆက်)