
ဇေယျာသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ မျိုးစပါးထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျောက်ချက်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က မိမိတို့မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် စိုက်ပျိုးမြေများအားလုံး စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးနှံများ ပိုမိုစိုက်ပျိုး နိုင်ရေး၊ တောင်သူများအား လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေး နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဒေါ်မြမြလွင်က မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ တောင်သူများ အတွက် တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် ဧက ၁၀၀ အတွက် မျိုးစပါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)