ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ  ၂


တရုတ်နိုင်ငံ    ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲ ခရီးသွားလာရေးလုပ်ငန်းများ        ပြန်လည် လည်ပတ်နိုင်ရေး၊    ဟိုတယ်နှင့် ခရီးသွားလာရေး   လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး   ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်    ခရီးသွားလာရေးဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း   (နေပြည်တော်)မြန်မာနိုင်ငံ   ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး  Mr.  Li  Qigui တို့ နေပြည်တော်၌   တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 


ထိုသို့    တွေ့ဆုံစဉ်    တရုတ်- မြန်မာ         ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်များ ဆောင် ရွက်ရေး၊    လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ ပူပေါင်းဖွင့်လှစ်ရေး၊ ယူနန်ပြည်နယ် မန်စီမှ မန္တလေး နှင့်   ရန်ကုန်သို့  ပျံသန်းခဲ့သည့် စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေး၊ တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊   ခရီးသွား ကဏ္ဍ မြှင့်တင်ရေး၊ ဘာသာစကား သင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 


ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့       ပိုမိုတိုးတက် ဝင်ရောက်လာရေးအတွက် ခရီး သွားဈေးကွက် ပိုမိုရရှိရန် ကြိုးပမ်း အကောင်အထည်    ဖော်ရာတွင် တရုတ်ခရီးသွားဈေးကွက်သည် ကမ္ဘာ့    Outbound  ခရီးသွား ဈေးကွက်၏      မောင်းနှင်အား တစ်ခုအဖြစ်ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွား ၁၅၅  သန်းခန့် ကမ္ဘာနှင့်အဝန်း ခရီးစဉ် ဒေသများသို့ သွားလာလည်ပတ်မှု အများဆုံးအနေအထားတွင် ရှိခဲ့ ကြောင်းနှင့်   ၂၀၁၉  ခုနှစ်တွင် မြန်မာနိုင်ငံသို့   တရုတ်ခရီးသွား ဧည့်သည်  ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်