
သုဝဏ္ဏဝတီ အောက်တိုဘာ ၈
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏ ဝတီမြို့တွင် ရော်ဘာရာသီ စတင် ချိန်တွင် ဈေးနှုန်းကောင်းမွန်စွာ ရရှိသောကြောင့် ရော်ဘာပြားများအား မှိုင်းမခံတော့ဘဲ အဝယ် ဒိုင်များဆီသို့ နေလှန်းပြားများ အဖြစ်သာ ရောင်းဝယ်နေကြကြောင်း သိရသည် ။
“မနှစ်ကထက်တော့ ဈေးပို တော့ရပါတယ်။ အခုချိန်က ခြံထဲ က ထွက်သလောက် တစ်ပတ်၊ ဆယ်ရက် တစ်ခါစုပြီး ရောင်းပါ တယ်။ မှိုင်းမတင်တော့ဘူး။ မှိုင်း ဈေးနဲ့ နေလွတ်ဈေးက သိပ်မကွာ တဲ့အပြင် မှိုင်းတင်ရင်လဲ အလုပ် ပိုများပါတယ်။ ခြံအစေးခြစ်သမား တွေရဲ့ လစာက ကြိုပေးထားရတာ ကြောင့် ရောင်းရပါတယ်။ ခြံတစ် ကွက် အပင် ၃၀၀ ခန့်ကို အစေး ခြစ်ခ ကိုးသောင်းခွဲကျပ် ပေးရပါ တယ်။ လူလေးဦး ခြစ်ပါတယ်။ တစ်လကို အလုပ်သမားခ လေးသိန်းကျပ်နီးနီး ပေးရတဲ့ အတွက် အလုပ်သမားခ အလျင် မီအောင်လည်း ပေးရပါတယ်။ ဒီ ဈေးနှုန်းထက် မကျရင်တော့ မိသားစုအတွက်တော့ အဆင်ပြေ ပါတယ်” ဟု ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင် ရော်ဘာခြံပိုင်ရှင် ဖြစ်သူဒေါ်မီးငယ်က ပြောသည်။
ရော်ဘာစဝယ်တဲ့ တော် သလင်းလကွယ်နေ့က ကတည်း က နေလှန်းပြားတွေပဲ ဝယ်ရပါ တယ်။ တစ်နေ့ကို ပေါင် တစ်သောင်းခွဲကနေ ပေါင်နှစ် သောင်းအထိ ဝယ်ရတယ်။ ဈေး နှုန်းအပြောင်းအလဲကိုနေ့စဉ် ဆိုင်း ဘုတ်မှာ ရေးထားပေးပါတယ်။ မှိုင်း ၁၀၇၀ ကျပ်၊ နေလွတ် ငွေ ကျပ် ၁၀၆၀၊ နေလှန်းငွေကျပ်၉၇၀ ပါ၊ ဒီနှစ်က ရာသီအစ ဆိုင်ဖွင့် ကတည်းက ရောင်းတဲ့သူများပါ တယ်”ဟု သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေး ဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်ထားရွှေက ပြောသည် ။
ယမန်နှစ်က ရော်ဘာတစ် ပေါင် ရှစ်ရာကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်မှာ ငွေကျပ်တစ်ထောင် ဈေးနှုန်း ရှိသော်လည်း ရော်ဘာဈေးနှုန်း များသည် ကာလဒေသအလိုက် ဈေးနှုန်းများ မတူညီ၊ မတည်ငြိမ် မှုကြောင့် ဒေသအတွင်းရှိ ရော်ဘာ လုပ်ကိုင်နေကြသူများသည် ရော် ဘာဈေးနှုန်းများ တည်ငြိမ်မှုရှိရန် ဆန္ဒရှိနေကြောင်းနှင့် သက်ဆိုင် ရာမှလည်း ဈေးနှုန်းတည်ငြိမ်မှု ရှိအောင် ထိန်းညှိပေးရန်လိုအပ် နေကြောင်း သိရသည်။
ခွန်(ဝင်းပ)