ဝန်ထမ်းများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံးဌာနအဆောက်အဦနှင့် စက်ယာဉ်ယန္တရားများလုံခြုံရေး အထူးဂရုပြုရန်လိုအပ်

 

နေပြည်တော်  စက်တင်ဘာ   ၂၉

 


တာဝန်ထမ်းဆောင်နေချိန်တွင် ဝန်ထမ်း များ၏   လူပုဂ္ဂိုလ်   လုံခြုံရေး၊  ရုံးဌာန အဆောက်အဦနှင့် စက်ယာဉ်ယန္တရားများ လုံခြုံရေးကို အထူးဂရုပြုရန်လိုကြောင်း ဒုတိယဝန်ကြီး    ဦးဝင်းဖေ   ပြောကြားသည်။

 


ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဦးဝင်းဖေသည် စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင်     အဆောက်အဦ    ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြ နှင့်    အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း     ပြောကြားခဲ့ခြင်း ဖြစ်သည်။

 


ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် လိုက်နာရမည့် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက် များကို     လေးစားလိုက်နာရမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း    ဝန်ထမ်းများ အားလုံး    ပါတီနိုင်ငံရေးကင်းရှင်းရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို မလွဲမသွေလိုက်နာကျင့်သုံးပြီး နိုင်ငံတော်အပါ်   သစ္စာစောင့်သိရမည် ဖြစ်ကြောင်းကိုလည်း မှာကြားသည်။

 


ထို့နောက်   စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဦးစီးဌာန အလိုက်   အရာထမ်း၊  အမှုထမ်းများက ဝန်ထမ်းရေးရာကိစ္စရပ်များကို တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်         တိုင်းဒေသကြီး အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ        တာဝန်ရှိသူများက ဦးစီးဌာနအလိုက်       ဝန်ထမ်းရေးရာ ဆွေးနွေးတင်ပြချက်များကို   ပြန်လည် ဖြေရှင်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီး က   နိဂုံးချုပ်အမှာစကား    ပြောကြား ကြောင်း သိရသည်။ 

သတင်းစဉ်