ဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန်ဖြင့် စည်းလုံးညီညွတ်စွာ လုပ်ဆောင်

ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူး များ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဗိုလ်တထောင် မြို့နယ် (၄၆)လမ်းရှိ (၁၂)ထပ်ခွဲရုံး၌ ကျင်းပသည်။(အောက်ပုံ)
အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ    ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ကော်မတီရှိ ဌာနများ၏ မြေပြင်၌  ဆောင်ရွက်လျက် ရှိသော   လုပ်ငန်းအခြေအနေများကို ယခင်ရက်များက  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ အားရကျေနပ်မှုများ ရှိပါကြောင်း၊ ဝန်ထမ်းများ  လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန်ဖြင့် စည်းလုံးညီညွတ်စွာ  လုပ်ဆောင်သွားကြ ရန် လိုကြောင်း ပြောကြားသည်။
ထို့နောက်  ဒုတိယဥက္ကဋ္ဌ၊  ဒုတိယ မြို့တော်ဝန်  ဦးညီညီက  ဌာနများ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဘဏ္ဍာရေး ဆိုင်ရာ  ငွေကြေးသုံးစွဲမှုနှင့်  ဌာနများ စီမံခန့်ခွဲထားရှိရေး      ကိစ္စရပ်များကို လည်းကောင်း၊ အတွင်းရေးမှူး ဦးညွန့်ဖေ က ဝန်ထမ်းများအား လစာထုတ်ပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက်         အစည်းအဝေးသို့ တက်ရောက်လာကြသည့်     ဌာနများမှ ဌာနမှူးများက      သက်ဆိုင်ရာဌာနများ အလိုက်    မြေပြင်၌   ဆောင်ရွက်လျက် ရှိသော         လုပ်ငန်းအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့်  အထွေထွေ ကိစ္စရပ်များကို     ဆွေးနွေးတင်ပြကြရာ မြို့တော်ဝန်က            ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လုပ်ငန်း လိုအပ်ချက်များကို   မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်