“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

 

ဟိုပန်    နိုဝင်ဘာ   ၅


“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်  ဟိုပန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့  အထိမ်းအမှတ်အကြို  အသိ ပညာပေးဟောပြောပွဲကို   ယမန် နေ့  နံနက်  ၁၀ နာရီက  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနခန်းမ ၌ ကျင်းပသည်။

 


ဦးစွာ  ဟိုပန်ခရိုင်  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ   လက်ထောက်ညွှန်ကြား ရေးမှူး ဦးသိန်းအောင်က  အမျိုး သားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို    ဟောပြောသည်။

 


ဆက်လက်၍  ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း   ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသွယ်ချမ်း က  “အမျိုးသားနေ့  တို့မမေ့” ခေါင်းစဉ်ဖြင့်     အသိပညာပေး ဟောပြောသည်။

 


ထို့နောက်       ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက    (၁၀၂)   နှစ် မြောက်   အမျိုးသားအောင်ပွဲနေ့ ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ကဗျာ၊    ဆောင်ပါး၊   ဆောင်ပုဒ် နှင့်    ကာတွန်းများ     ပါဝင်သည့်  အသိပညာပေး နံရံကပ်စာစောင် နှင့် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ၊   ကိုဗစ်-၁၉    ရောဂါ   ကြိုတင်     ကာကွယ်ရေးဆိုင်ရာ     အချက်အလက်များ      စသည့် အသိပညာ ပေးနံရံကပ်စာစောင် များကို    ပြသခဲ့ကြောင်း    သိရသည်။


သတင်းစဉ်