ဝါးခယ်မမြို့နယ် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိ ကျွန်းကုန်းတံတား ဖွင့်ပွဲကျင်းပ တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်

 

နေပြည်တော်    မတ်     ၂၀


(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသ ကြီး  မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ဘိုကလေး- မော်လမြိုင်ကျွန်း- ကျုံမငေး- ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိ  အရှည်  ၇၈၇  ပေ ကျွန်းကုန်းတံတားဖွင့်ပွဲအခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါ တံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့       နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊    ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်  တောင်တိုင်းစစ်ဌာနချုပ်          တိုင်းမှူး  ဗိုလ်ချုပ်  အောင်အောင်၊ ဧရာ၀တီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်        ဝန်ကြီးများ၊ စစ်ဘက်၊      နယ်ဘက်မှ    ပုဂ္ဂိုလ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ         ဌာန ကြီးမှူးများနှင့်  တာဝန်ရှိသူများ၊   တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊   လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ဘင်ခရာအဖွဲ့၊  စည်တော်အကအဖွဲ့၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ  တက် ရောက်ကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်    ဒေါ်အေးနုစိန်က    ယနေ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ ၇၈၇ ပေ အရှည်ရှိ သည့် ကျွန်းကုန်းတံတားကြီးကို (၇၇) နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သည့်အနေဖြင့်         ဖွင့်လှစ်ပေးခဲ့သည့် အတွက်   ဒေသခံများနှင့်   ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရပါကြောင်း။

 


ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး သည် ရှေးပဝေသဏီကတည်းက တိုင်းရင်း သား   ၁၃၅   မျိုးနှင့်  အေးအတူပူအမျှ လက်တွဲနေထိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်      အသီးသီး၌ရှိသည့် တိုင်းရင်းသား  ပြည်သူများ၏   လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ တွင်  လူတန်းစေ့နေထိုင်နိုင်ရန်  အခြေခံ အဆောက်အဦဖြစ်သည့်            ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍမှာ    ပါဝင်သော လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း၊  လမ်း၊   တံတားများ  ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင် ရွက်ပေးလျက်  ရှိပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်ပြီး လုံခြုံ ချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ  အပြန်အလှန် ကူးလူးဆက်သွယ်သွားလာ နိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ရရှိစေမည် ဖြစ်ပါကြောင်း။

 


နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည့် အတွက်  ဥပဒေပြုရေး၊  တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်ခြင်းသည်  ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများပင်          ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်  ကျင့်သုံးပြီး    ဒီမိုကရေစီနှင့်   ဖက်ဒရယ်  စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ဖြစ်ပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ် နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်ထားပြီး  ထာဝရငြိမ်းချမ်းရေး        ရရှိရေးအတွက် အမျိုးသား        စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့်          ညှိနှိုင်းရေး ကော်မတီတို့ကို     ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုကော်မတီတွင်      ငြိမ်းချမ်းရေးနှင့် ပတ်သက်၍  မူဝါဒ (၄) ရပ်ကို  ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

 


လမ်းပန်းဆက်သွယ်မှု   ကောင်းမွန် လာရေးအတွက် ဦးစားပေးဆောင်ရွက် နိုင်ရန် ပထဝီနှင့် သဘာဝအတားအဆီး ဖြစ်သည့်   နေရာများတွင်   တံတားများ တည်ဆောက်ပေးခြင်း၊      လမ်းများကို လည်း   ရာသီမရွေး   သွားလာနိုင်အောင်  ဖောက်လုပ်ခြင်း၊      အဆင့်မြှင့်တင်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မြို့ပြဒေသများသာမက ဝေးလံ ခေါင်းပါးသည့် ဒေသများပါမကျန် အချိုး  ညီညီ     ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်         ဆောင်ရွက် လျက်ရှိပါကြောင်း။

 


နိုင်ငံတော်           ဖွံ့ဖြိုးတိုးတက်ရေး  အတွက် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေ များသုံးစွဲရာတွင်   လေလွင့်မှုမရှိစေရေး၊  ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အရည်  အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု   ရှိစေရန်    ရှိ/မရှိ ထောက်ပြပေးနိုင်ကြရန်နှင့် တည့်မတ် ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 


ဧရာဝတီတိုင်းဒေသကြီးသည်    ဧရာ ဝတီမြစ်၏    မြစ်ဝကျွန်းပေါ်ဒေသဖြစ် သည်နှင့်အညီ  မြန်မာပြည်၏ ဆန်စပါး အဓိကထွက်ရှိရာ ဒေသကြီးလည်း ဖြစ်ပါ ကြောင်း၊ မြေဆီသြဇာကြွယ်ဝသော မြေနု ကျွန်းပေါ်ဒေသဖြစ်သည့်အတွက် စိုက်ပျိုး ရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး  ရေထွက်ပစ္စည်းလုပ်ငန်း၊      မွေးမြူရေး လုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်း၊ သင်ဖြူး ဖျာလုပ်ငန်းနှင့်  နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသည့် ပုသိမ်ထီးလုပ်ငန်းများ  တည်ရှိသော       တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း။

 


ကျွန်းကုန်းတံတားကို    အသုံးပြုခြင်း ဖြင့်     ဝါးခယ်မ-ကျုံမငေး-မော်လမြိုင် ကျွန်း-ဘိုကလေး     မြို့များသို့လည်း ကောင်း၊    ဘိုကလေးမှတစ်ဆင့်     ဖျာပုံ-မအူပင် - တွံတေး - ရန်ကုန်မြို့များသို့ လည်းကောင်း         အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင်    ကျွန်းကုန်းတံတားမှ    အိမ်မဲ-ရန်ကုန်သို့လည်းကောင်း၊     မြောင်းမြ-မြင်းကဆိပ်-ပုသိမ်မြို့များသို့      လည်း ကောင်း  လမ်းကွန်ရက်များ  ချိတ်ဆက် သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။

 


နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာ ရေး   နိုင်ငံသူ၊    နိုင်ငံသားများ၏   ဘဝ ချမ်းမြေ့ပျော်ရွှင်ရန် နိုင်ငံတော်အစိုးရ အနေဖြင့်   ကောင်းမွန်သည့်ရည်မှန်းချက်၊  ဦးတည်ချက်များကို       ကြိုးပမ်းပုံဖော် လျက်ရှိပါကြောင်းနှင့်       တိုင်းရင်းသား ညီအစ်ကိုများကလည်း နိုင်ငံတော်အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု     တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်း စဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ကျွန်းကုန်းတံတားသစ်သည်   မြောင်းမြ ခရိုင်   ဝါးခယ်မမြို့နယ်      ဘိုကလေး-မော်လမြိုင်ကျွန်း - ကျုံမငေး - မြောင်းမြ လမ်းပေါ်ရှိ ယခင်ကြိုးတံတားဟောင်းနှင့် ကပ်လျက် တည်ဆောက်ထားပြီး တံတား အရှည်    ၇၈၇   ပေ၊     ယာဉ်သွားလမ်း အကျယ် ၂၄ ပေ နှစ်လမ်းမောင်း သံကူ ကွန်ကရစ်တံတား   အမျိုးအစားဖြစ်ပြီး Foundation အပိုင်းကို Bored Pile Foun- dation     ဖြင့်    တည်ဆောက်ထားသည်။ Superstructure     အပိုင်းတွင်    သံမဏိ သံပေါင်ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်း ဖြစ်ပြီး  တံတားခံနိုင်ဝန်မှာ  တန်   ၆၀ ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းက   ဧရာ ဝတီတိုင်းဒေသကြီး   အတွင်းရှိ     လမ်း၊  တံတားဖွံ့ဖြိုးတိုးတက်မှု    အခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ထားရှိမှုနှင့်   စပ်လျဉ်း၍    ရှင်းလင်း ပြောကြားသည်။   ယင်းနောက်    ဒေသခံ ပြည်သူတစ်ဦးက   ကျွန်းကုန်း    တံတား ဖွင့်လှစ်ပေးသည့်အတွက်     နိုင်ငံတော် အစိုးရကို    ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး    ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်     မင်္ဂလာအချိန်တွင် ကျွန်းကုန်းတံတားအား    နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဝင်   ဒေါ်အေးနုစိန်  နှင့်   ဦးမောင်းဟာ၊    ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊      ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်           တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး    အမှတ်တရ     စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ဆက်လက်၍       ကျွန်းကုန်းတံတား  ကမ္ပည်းမော်ကွန်း  ကျောက်စာတိုင်အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဝင် ဒေါ်အေးနုစိန်နှင့်      ဦးမောင်းဟာတို့က စက်ခလုတ်နှိပ်    ဖွင့်လှစ်ပေးပြီး  အမွှေး  နံ့သာရည်များပက်ဖျန်းပေးကာ တံတား ကြီးပေါ်မှ   ဖြတ်သန်းကြည့်ရှု  စစ်ဆေး ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်