
နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံ တော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက် ရှိသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက် များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော် ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာ ပွားများခြင်းများ ဆောင်ရွက်၍ ကြည်ညို သဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလ ရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညို နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် သက်ကြီးဘိုးဘွား များအား အဆင်ပြေစွာဖြင့် ဘုရားဖူးမြော် ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူ များ အခမဲ့လာရောက်ဖူးမြော်ကြည်ညို နိုင်ရန် ဘုရားဖူးလာပြည်သူများ အသက် သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူ အားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှ စတင်၍ဘုရားကြီးဝင်းအတွင်း ဝင်ရောက် ချိန် တွင် ကင်မရာပါသည့် ဖုန်း၊ အခြား ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများ ကိုသာ ထိုက်သင့်သည့် နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဘုရား ကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခ ကိုလည်း ထိုက်သင့်သည့် ရပ်နားခ နှုန်းထားများအတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်