ဝိုင်ဘီအက်စ်စီးနင်းသူများအတွက် ဝိုင်ပီအက်စ်ကတ်အ‌ရောင်းဆိုင်ငယ်များတိုးချဲ့ဖွင့်လှစ် 

 

ရန်ကုန်   အောက်တိုဘာ   ၇ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း   YPS စီးနင်းသူများနှင့် YPS(Yangon Pay-ment Services)ကတ် အသုံးပြုသူများလွယ်ကူအဆင်ပြေစေရန်    ကားမှတ် တိုင်အချို့အနီးတွင် YPS ကတ်အရောင်း ဆိုင်ငယ်များ        တိုးချဲ့ဖွင့်လှစ်ကာ ဝန်ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး      ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး     ကြီးကြပ်မှုကော်မတီ (YRTC)   တာဝန်ရှိသူတစ်ဦးက   ပြော သည်။

 


“ယခင်ကYPS ကတ်တွေကို G&G စတိုးဆိုင်တွေမှာလည်း ဝယ်လို့ရပါတယ်။ အခုခရီးသည်တွေ  အလွယ်တကူဝယ်ယူ အသုံးပြုနိုင်အောင် YBS ကားမှတ်တိုင် တချို့အနီးမှာ      အရောင်းဆိုင်လေး တွေမှာ YPS   ကတ်ဝယ်တာ၊ ငွေဖြည့် တာ၊    လက်ကျန်ငွေစစ်ဆေးတာတွေဆောင်ရွက်လို့ရပါတယ်။    ကတ်ထဲမှာ ငွေကျပ်     ၁၀၀၀   မှ   ၅၀၀၀၀   အထိ ဖြည့်သွင်းနိုင်ပါတယ်”   ဟု  YRTC  မှ တွဲဖက်အတွင်းရေးမှူး    ဦးလျန်ကျင့်မန် က ပြောသည်။        

 


YRTC အ‌နေဖြင့်‌ ဘေးကင်းလုံခြုံပြီး ဝန်‌ဆောင်မှု‌ကောင်းမွန်‌သော    အများ ပြည်သူ        ပို့‌ဆောင်ရေးစနစ်ကိုတွင် ကျယ်စွာ  အသုံးပြုနိုင်‌စေရန်နှင့်  YPS ကတ်များ   အလွယ်တကူ‌ငွေဖြည့်သွင်း နိုင်‌စေရန်    YPS   ကတ် အ‌ရောင်းဆိုင် ငယ်များ     တိုးချဲ့ဖွင့်လှစ်‌ပေးခြင်းဖြစ်‌ ကြောင်း သိရသည်။ YPS ကတ်စနစ်ကို တွင်ကျယ်စွာအသုံးပြုလာစေရန် YRTC နှင့် Asia   Starmar Transport Intell-igent.Co.Ltd တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး လက်ရှိတွင် YPS ကတ်စနစ် တပ်ဆင်ထားသော   YBS   ယာဉ်လိုင်း ပေါင်း ၅၅ လိုင်းနှင့်  YBS ယာဉ်စီးရေ ၂၂၈၉ စီးခန့်ရှိပြီး  ရောင်းချပြီး   ကတ် အရေအတွက်မှာ   ၁၅၀၀၀၀   ခန့်ရှိ ကြောင်း   လက်ရှိအသုံးပြုနေသော ကတ်အရေအတွက်မှာ ၉၀၀၀၀ ကျော် ရှိကြောင်း သိရသည်။ ယခုအခါရန်ကုန် မြို့၌ YPS ကတ်အရောင်းဆိုင်ငယ်များ G&G စတိုးဆိုင်များနှင့်YPS Agent ဆိုင် များအပါအ၀င် YPS အရောင်းဆိုင်ငယ်များ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။      

အာကာလင်း