
နေပြည်တော် ဇန်နဝါရီ ၂၇
ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီး များနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာ ရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ကျောက် စာတော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့်သာသနာရေးဆိုင်ရာ အခမ်း အနားကြီးများ စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေ အနေတို့ကို ရှင်းလင်းပြောကြား ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအောင်မြင်စွာ တည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင် ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသ သည်။
ထို့နောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများက ရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေ အနေများနှင့်စပ်လျဉ်း၍ သိရှိလို သည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင် ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေး စိတ်ရှင်းလင်း ပြောကြားပေးမှု များအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ဘုရားဖူးလာ အဖွဲ့များသည် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းကြရာ ဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘုရားဖူးလာအဖွဲ့ များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက် များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့ သည့် ပစ္စည်းများ၊ ဘုရားရှင် ဓာတ် တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလား များ၊ မာရဝိဇယဆင်းတုတော်ကြီး အား အစိတ်အပိုင်း လေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတု တော် ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများ နှင့်အခြားလေ့လာသင့်သည်များ ကို လှည့်လည် ကြည့်ရှုကြသည်။
ဆက်လက်၍ ဗုဒ္ဓဥယျာဉ် တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါ စွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ ကျောက် စာရုံစေတီတော်များ နှင့် အခြားသာသနိက အဆောက် အဦများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ် နယ်အရပ်ရပ်မှ ရဟန်းရှင် လူ ဘုရားဖူးပြည်သူများလည်း လာ ရောက်ဖူးမြော်ကြည်ညိုလျက်ရှိ ကြကြောင်းသိရသည်။
သတင်းစဉ်