“ဦးဦးတို့ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၇

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့်  စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ် များကို    တင်ဆက်လျက်ရှိရာ    “ဦးဦးတို့အငြိမ့်”  ဖျော်ဖြေပွဲကို  နိုဝင်ဘာ ၂၀ ရက်    ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်  ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို  လူရွှင်တော်  ဒိန်းဒေါင်က  စီစဉ်ပြီး    ဟာသမင်္ဂလာ    ရွှေဆိုင်းတော်အဖွဲ့၏ တီးခတ်မှုနှင့်အတူ   ခေါင်းဆောင်မင်းသမီး     နီနီ ထက်၊  ရှေ့ထွက် မင်းသမီး ကြာနွယ်၊ လူရွှင်တော် များဖြစ်ကြသည့်   ငြိမ်းချမ်း၊  အုန်းသီး၊  မိုးတိမ်၊ ပေါ်ဦး တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့   တင်ဆက်မှုကို   နိုဝင်ဘာ  ၂၄  ရက် မွန်းလွဲပိုင်း National News အစီအစဉ် အပြီးတွင် ဒုတိယအကြိမ်    ထမ်မံထုတ်လွှင့်   ပြသမည်ဖြစ် ကြောင်း သိရသည်။


သတင်းစဉ်