ဦးစီးအရာရှိများနှင့်ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) အွန်လိုင်းသင်တန်းဆင်း

 

ရန်ကုန်   ဇွန်   ၁၈ 


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ရန်ကုန်-ပြည် ကားလမ်းမ ကြီးဘေးရှိ    ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာန ပညာ ရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်  ဦးစီးအရာရှိ/   ဒုတိယမြို့နယ် ပညာရေးမှူးများ    စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်  (၁/၂၀၂၂) အွန်လိုင်းသင်တန်းဆင်းပွဲကို ဇွန် ၁၅ ရက်က   Virtual  စနစ်ဖြင့် ကျင်းပရာ အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးကျော်ဆွေက    အမှာ စကား ပြောကြားသည်။

 


အဆိုပါသင်တန်းတွင်       စီမံ ခန့်ခွဲမှုဆိုင်ရာ       လုပ်ငန်းများ၊ သင်ကြားမှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ     လုပ်ငန်း များနှင့်  မူဝါဒ/စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို ပိုမိုတတ်ကျွမ်း နားလည်စေပြီး      မိမိလုပ်ငန်း တာဝန်များ           အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊  လုပ်ငန်း တာဝန်စွမ်းဆောင်ရည် မြင့်မား လာစေရန်၊ ရာထူးတိုးမြှင့် တာဝန် ထမ်းဆောင်ရာတွင် ရုံးလုပ်ငန်း များနှင့် ဘဏ္ဍာရေးဆိုင်ရာ  ကိစ္စ ရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်အတွက် ပညာရေးစီမံခန့်ခွဲမှု        သင်တန်း ကျောင်း (ရန်ကုန်)မှ    ဌာနမှူး များ၊ လက်ထောက်ကထိကများ နှင့် ဦးစီးအရာရှိများ  စုစုပေါင်း သင်တန်းနည်းပြ   ၁၄  ဦးတို့က သင်ကြားပို့ချခဲ့သည်။

 


သင်တန်းသို့   ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဦးစီးအရာရှိ ၅၂ ဦး၊ ဒုတိယမြို့နယ်ပညာရေး မှူး ၃၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၁၉ ရက်မှ ဇွန် ၁၅ ရက်အထိ ၂၈ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်)မှ သိရသည်။


မင်္ဂလာဒုံ (ပြန်/ဆက်)