ဦးအောင်ကို အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်

 

နေပြည်တော်   ဇန်နဝါရီ    ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်သည်  နိုင်ငံခြားရေးဝန်ကြီးဌာန၊  နိုင်ငံ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို အား  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဆိုင်ရာ  အထူးအာဏာကုန်   လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ် ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။ 
သတင်းစဉ်