ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဩဝါဒါစရိယဆရာတော်ကြီးနှစ်ပါးနေရာ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ    ၁၈


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင်  လစ်လပ်နေသောဒေသခံ ဩဝါဒါစရိယဆရာတော် ကြီး နှစ်ပါးနေရာ ရွေးချယ်တင်မြှောက်ရေး အစည်း အဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင်  ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံအတွင်း၌ ကျင်းပသည်။

 


အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူး ဦးဆန်း ထွန်းအောင်နှင့် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

 


အတည်ပြုပေးတော်မူ


အခမ်းအနား၌ လစ်လပ်နေသော ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်   ဆရာ တော်  နေရာတွင်   ၎င်းကျောင်းတိုက်  ပဓာနနာယက ဆရာတော်   အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊   ဘဒ္ဒန္တ စန္ဒောဘာသ၊  သက်တော်  ၆၄-နှစ်၊    သိက္ခာတော် ၄၄-ဝါ   အားလည်းကောင်း၊   ပျဉ်းမနားမြို့   မဟာ လယ်တီစံကျောင်းတိုက်       ဆရာတော်နေရာ၌ ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်     ပဓာနနာယက  ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တတိဿ၊     သက်တော်   ၄၆-နှစ်၊ သိက္ခာတော် ၂၆-ဝါ အားလည်းကောင်း အခမ်းအနားသို့ ကြွရောက် တော်မူလာသော ဒေသခံသြဝါဒါစရိယဆရာတော် ကြီး    ၆-ပါးနှင့်  အခမ်းအနားသို့ မကြွရောက်နိုင်သော    ဆရာတော်ကြီး ၃-ပါး၏ ထောက်ခံချက်များဖြင့်    အစားထိုး     ရွေးချယ်တင်မြှောက်ခြင်းကို    သာဓု သုံးကြိမ်ခေါ်ဆို၍ အတည်ပြုပေးတော်မူသည်။      

                   
သတင်းစဉ်