ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅ 


နေပြည်တော်  ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၌    (၁၅)  ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြို (၁၄၅)  ကြိမ်မြောက်  အသံမစဲ မဟာပဋ္ဌာန်းမြတ်     ရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကို  ယနေ့နံနက်   ၇   နာရီတွင် နေပြည်တော်ရှိ       ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော် ဓမ္မာရုံအတွင်း၌ ကျင်းပသည်။ 

 


အခမ်းအနားသို့     နေပြည် တော်တိုင်း     သံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့       ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက်၊    စာချ နာယက၊  သာသနဓဇဓမ္မာစရိယ၊ ဆရာတော်ဘဒ္ဒန္တပညာ  လင်္ကာရ နှင့် သံဃာတော်များ ကြွရောက် တော်မူကြပြီး    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော် ကောင်စီဝင်  ဦးမြင့်စိုး၊  အမြဲတမ်း အတွင်းဝန်   ဦးမြင့်ဦး၊  ဂေါပက အဖွဲ့ဝင်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တပညာလင်္ကာရက   ငါးပါး သီလ ချီးမြှင့်ဟောကြားပြီး “ဗုဒ္ဓ သာသနံ  စိရံတိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။

 


အဆိုပါ အသံမစဲ မဟာပဋ္ဌာန်း မြတ်        ရွတ်ဖတ်ပူဇော်ပွဲအခမ်း အနားကို   မတ်   ၁  ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း    သိရ သည်။                    

သတင်းစဉ်