
နေပြည်တော် နိုဝင်ဘာ ၂၂
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာန၌ ကျင်းပသည်။
ထိရောက်မှန်ကန်စွာ ဆောင်ရွက်
ဖွင့်ပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာန သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာ ဝန်ကြီးဌာနမှ အရာထမ်းများအတွက် ဘာသာရပ် ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာ ရည်မှန်း ချက်ပါ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေ အရာရှိများအနေဖြင့် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမ မူလမှု၊ တရားမအယူခံမှု၊ တရားမ ပြင်ဆင်မှုနှင့် တရားမ အထူးအယူခံမှုများနှင့်စပ်လျဉ်း၍ ဥပဒေ အကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါ ခြင်းများ ဆောင်ရွက်ကြရာတွင် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်စေ ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ဆောင်ရွက်သည့် အမှု များတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရ သည့် ဥပဒေအရာရှိများသည် နိုင်ငံတော်ဘက်မှ အားသာမှုရရှိစေရေး၊ နစ်နာမှု မရှိစေရေး ဆောင်ရွက် ပေးရန် တာဝန်ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းဆရာများ၏ သင်ကြားပေးမှုများ ကို ဂရုတစိုက် မှတ်သားနာယူကြပါရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
၁၁ ရက်ကြာ ဖွင့်လှစ်
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကာလမှာ စုစုပေါင်း ၁၁ ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်