
ရန်ကုန် စက်တင်ဘာ ၂
ဥပဒေရေးရာ ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၃ဝ ရက် က တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး ပြောကြားသည့် ဌာနနှစ်ပတ်လည် အခမ်းအနားနှင့် ပတ်သက်သည့် အမှာစကား ဗီဒီယိုကလစ်ကို ပြသသည်။ ယင်းနောက် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဥပဒေရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတော် အာဏာ သုံးရပ်ဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးကဏ္ဍများတွင် ပါဝင် ဆောင်ရွက်နေရသည့် အရေးကြီး သော ဝန်ကြီးဌာနတစ်ခုဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အရည်အချင်း ပြည့်မီသည့် ဥပဒေအရာရှိ ကောင်းများဖြစ်ရန်လည်း လွန်စွာ အရေးကြီးလှကြောင်း၊ ဥပဒေ အရာရှိများသည် ရိုးသား ဖြောင့်မတ်ခြင်း၊ ဘက်လိုက်မှုကင်း ပြီး တရားမျှတစွာ ဆောင်ရွက် ခြင်း၊ မှန်ကန်စွာစဉ်းစား၊ တွေးခေါ် ပြီးဥပဒေနှင့်အညီ သုံးသပ်၊ ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း၊ မည်သူ့ ကိုမဆို ဥပဒေအရာတွင် တန်းတူ ညီမျှ အခွင့်အရေးရရှိစေခြင်း စသည့် ဥပဒေအရာရှိကျင့်ဝတ်ပါ အခြေခံမူများနှင့်အညီ လုပ်ငန်း များကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ဥပဒေရေးရာ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် သင်တန်း တက်ရောက်ပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အရာထမ်း များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော အရာထမ်း/ အမှုထမ်း များ၏ သား/သမီးများ၊ ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော အမှု ထမ်းများအား ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ တို့က တက်ရောက်လာ သည့် ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)