ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း ( လစ်ဗျားနိုင်ငံ )

Type
1

 

ရတနာရွှေစည်

 

နိဒါန်း


လစ်ဗျားနိုင်ငံသည် အာဖရိကတိုက် မြောက်ပိုင်း တွင်   တည်ရှိသော    သမ္မတနိုင်ငံတစ်ခုဖြစ်ပြီး ၆၇၉၃၅၈    စတုရန်းမိုင်     ကျယ်ဝန်းသည်။ လစ်ဗျားနိုင်ငံ၏  မြေထဲပင်လယ်ကမ်းရိုးတန်းမှာ မိုင်ပေါင်း ၁၃ဝဝ ခန့် ရှည်လျားသည်။ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌    မြေဩဇာ ကောင်းသည့်  ဒေသများမှာ   ဆိုင်ရီနေးက  (Cyre- naica)နှင့်  ထရစ်ပိုလီတန်းနိယ  (Tripolitania) နယ်မြေများ ဖြစ်သည်။ လစ်ဗျားနိုင်ငံ၏ အနောက် ပိုင်းတွင်   ထရစ်ပိုလီတန်းနိယပြည်နယ်နှင့် အရှေ့ ပိုင်းတွင် ဆိုင်ရီနေးက ပြည်နယ်နှင့်     ဖတ်ဇန် ပြည်နယ်     (Fezzan)     ဟူသည့်    ရှေးခေတ်ယဉ်ကျေး မှုများထွန်းကားခဲ့သော နယ်ကြီးနှစ်နယ်အပါအဝင် ပြည်နယ်သုံးခုရှိသည်။ 

 


လစ်ဗျားနိုင်ငံ၏    ၉၀   ရာခိုင်နှုန်းကျော်သည် သဲကန္တာရ သို့မဟုတ် သဲကန္တာရဆန်သော မြေအမျိုး အစားဖြစ်ပြီး သဘာဝရေအရင်းအမြစ်မှာ အကန့် အသတ်ရှိသည်။   လစ်ဗျားနိုင်ငံ၏  မြို့တော်မှာ ထရီပိုလီ(Tripoli)မြို့ ဖြစ်သည်။ လစ်ဗျားနိုင်ငံတွင် မြစ်ချောင်းများ၊ အိုင်များအနည်းငယ်သာရှိသည်။ မြောက်ဘက်တွင် မြေထဲပင်လယ်ရှိပြီး အရှေ့ဘက် တွင် အီဂျစ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင်  ဆူဒန် နိုင်ငံ၊  တောင်ဘက်တွင်  ချဒ်သမ္မတနိုင်ငံနှင့် နိုင်ဂျာ နိုင်ငံ၊ အနောက်ဘက်တွင်  အယ်လ်ဂျီးရီးယားနိုင်ငံ  နှင့် တူနီးရှားနိုင်ငံ တို့ဖြင့်  နယ်နိမိတ်ချင်း ထိစပ် နေသည်။    အစ္စလာမ်    အယူဝါဒသည် နိုင်ငံတော် ၏အယူဝါဒဖြစ်သော်လည်း လွတ်လပ်စွာ ကိုးကွယ် ခွင့်ရှိသည်။    လစ်ဗျားနိုင်ငံသားအများစုသည် အာရဗီဘာသာစကားကို  အသုံးပြုကြပြီး ရုံးသုံး ဘာသာစကားသည်လည်း    အာရဗီဘာသာပင်  ဖြစ်သည်။   ကမ္ဘာ့ကုလသမဂ္ဂ၏    နောက်ဆုံး ကောက်ယူရရှိသည့်  အချက်အလက်များအပေါ် အခြေခံတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေမှာ ခုနစ်သန်းကျော်ခန့်  ရှိသည်။ နိုင်ငံရှိ ၉၇ ရာခိုင်နှုန်းနီးပါးသည် ဆွန်နီမွတ်ဆလင်များဖြစ် ပြီး အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူ များဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်လည်း အနည်း ငယ်ရှိသည်။ လစ်ဗျားနိုင်ငံသည် အာရပ်နိုင်ငံများ အဖွဲ့ချုပ် (Arab League)နှင့် အရှေ့နှင့်  တောင် အာဖရိက ဘုံဈေးကွက် (The Common Market for Eastern and Southern Africa - COMESA) တို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

 


လစ်ဗျားနိုင်ငံသမိုင်းကြောင်း


လစ်ဗျားနိုင်ငံသည်  ဒုတိယကမ္ဘာစစ်အပြီး ရှုံးနိမ့်ခဲ့သော အီတလီတို့ထံမှ လွတ်လပ်ရေး  ရသင့် သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံက ကြေညာ ခဲ့သည်။ လစ်ဗျားနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး  ကုလသမဂ္ဂ ၏    ပံ့ပိုးမှုအောက်တွင်   လွတ်လပ်ရေးရသည့် ပထမဆုံးနိုင်ငံဖြစ်သည်။ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လစ်ဗျားနိုင်ငံသည်  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။  နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ညီလာခံ သည်  စည်းမျဉ်းခံဘုရင်စနစ်    ဖွဲ့စည်းပုံအခြေခံဥပဒေ ကို  ရေးဆွဲခဲ့သည်။  ထိုအခြေခံဥပဒေအား ၁၉၅၁ ခုနှစ်  အောက်တိုဘာလတွင်   အတည်ပြုခဲ့သည်။ ထို့နောက် လစ်ဗျားနိုင်ငံသည် စည်းမျဉ်းခံ ဘုရင် အုပ်ချုပ်ရေးစနစ် လက်ခံကျင့်သုံးသော နိုင်ငံဖြစ်ခဲ့ သည်။ 

 


၁၉၅၁ ခုနှစ်     ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်သည် နိုင်ငံတော်၏ အကြီးအကဲ ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲမှာ  ဝန်ကြီးချုပ် ဖြစ်ပြီး   ၎င်းအားကူညီရန်အတွက်  ဝန်ကြီးအဖွဲ့ ရှိသည်။ ပါလီမန်ကို အထက်လွှတ်တော် (Senate)နှင့် အောက်လွှတ်တော် (House of Represen- tatives) တို့ဖြင့် ဖွဲ့စည်းထားသည်။ ထရစ်ပိုလီ တန်းနိယပြည်နယ်၊      ဆိုင်ရီနေးကပြည်နယ်နှင့်  ဖတ်ဇန်ပြည်နယ်ဟူသည့်  ပြည်နယ်သုံးနယ်အတွက် ပြည်နယ်တစ်ခုစီတွင် ၎င်းတို့၏ “ပြည်နယ်အစိုးရ” ရှိသည်။

 


သို့သော် ၁၉၅၁ ခုနှစ်မှအစပြု၍ အုပ်ချုပ်လာ ခဲ့သော စည်းမျဉ်းခံဘုရင်စနစ်သည် ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ စည်းမျဉ်းခံဘုရင်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ် ပြီးနောက် စစ်တပ်မှဦးဆောင်ပြီးလျှင် အဖွဲ့ဝင် ၁၂ဦး ပါဝင်သော တော်လှန်ရေးကောင်စီ(Revolutio-nary Command Council - RCC) ကို ဖွဲ့စည်းခဲ့ သည်။  အမြင့်ဆုံးအာဏာသည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအဖွဲ့ (Cabinet)များ ပါဝင်ခန့်အပ်ထား သည့်  RCC အဖွဲ့ဝင် ၁၂ ဦးထံတွင် တည်ရှိသည်။

 

ဗိုလ်မှူးကြီး ကဒါဖီ (Muammar Abu Minyar al-Qadhafi)သည် တော်လှန်ရေးကောင်စီ (RCC) ၏ ဥက္ကဋ္ဌဖြစ်ပြီး  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လည်း ဖြစ်သည်။ ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ ၁၉၆၉ ခုနှစ်  စက်တင်ဘာလ  ၈   ရက်နေ့တွင်    တော်လှန်ရေးကောင်စီက  လစ်ဗျားနိုင်ငံအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက်  ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်  မရေးဆွဲမီ ကာလအတွင်း   နိုင်ငံတော်၏   ယာယီအုပ်ချုပ်မှု စာတမ်းအဖြစ် ဆောင်ရွက်ရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကို  ကဒါဖီ ရေးသားပြုစုသည့် စာအုပ်စိမ်း (The Green Book) ဖြင့် အုပ်ချုပ်ခဲ့သည်။ 

 


ပြည်သူများသည် အထွေထွေပြည်သူ့ကွန်ဂရက် များ(General People's Congress - GPC) နှင့် အထွေထွေပြည်သူ့ကော်မတီ (General People's Committee) များမှတစ်ဆင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာကို  ကျင့်သုံးကြသည်။  အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာအားလုံးကို    အထွေထွေ ပြည်သူ့ကွန်ဂရက်များတွင် အပ်နှင်းထားသော်လည်း ကွန်ဂရက်သည်  တစ်နှစ်လျှင်   နှစ်ပတ်ခန့်သာ တွေ့ဆုံပြီး ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအများစုကို အတွင်းရေးမှူးရုံးနှင့် အထွေထွေပြည်သူ့ကော်မတီ ထံသို့ လွှဲအပ်ထားသည်။ GPC  အဖွဲ့ဝင်များ၏ သက်တမ်းသည် သုံးနှစ် ဖြစ်သည်။ GPC အဖွဲ့ဝင်များ ကို  အဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရာ ၌ အသက် ၁၈ နှစ်အထက်   လူငယ်များသည် ကွန်ဂရက်တွင် မဖြစ်မနေ မဲပေးရန် လိုအပ်ပါသည်။ ထို့နောက်   အထွေထွေပြည်သူ့ကွန်ဂရက်များကို အဖွဲ့ဝင်နေရာ   ၂၀၀ ဖြင့်    ဖွဲ့စည်းထားသော အထွေထွေအမျိုးသားကွန်ဂရက်ဖြင့် အစားထိုးခဲ့ သည်။     အထွေထွေအမျိုးသားကွန်ဂရက်သည်    အသွင်ကူးပြောင်းရေးကာလတွင်         အထွေထွေ အမျိုးသား ညီလာခံ (General National Assembly) ကဲ့သို့ ဥပဒေပြုရေးအာဏာရှိသည်။ 

 


ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း
အရည်အချင်း သတ်မှတ်ချက်များ (၂၀၁၄ခုနှစ်)


ကိုယ်စားလှယ်လောင်းအဖြစ်    ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည်        လစ်ဗျားနိုင်ငံသားဖြစ်ရမည့်အပြင် မဲပေးပိုင်ခွင့်အရည်အချင်းနှင့်     ပြည့်မီသူဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းချိန် တွင် အသက် ၂၅ နှစ် ပြည့်ပြီးသူ  ဖြစ်ရမည်။ တက္ကသိုလ်တစ်ခုခုမှ  ဘွဲ့ရရှိထားသူ  သို့မဟုတ် ထိုဘွဲ့နှင့်ညီမျှသည့်    ပညာအရည်အချင်းရှိသူ ဖြစ်ရမည်။   လစ်ဗျားအမျိုးသားရွေးကောက်ပွဲ ကော်မရှင်   (The High   National  Election Commission- HNEC)၏    အဖွဲ့ဝင်   (၎င်း၏ ဘုတ်အဖွဲ့ဝင်များ၊      ဗဟိုအုပ်ချုပ်မှုအဖွဲ့ဝင်၊     ဒေသန္တရဆိုင်ရာကော်မတီဝင်များ   သို့မဟုတ် မဲရုံအဖွဲ့ဝင်များ) မဟုတ်သောသူများ ဖြစ်ရမည်။

 


ပြစ်မှုဆိုင်ရာ ဥပဒေအရဖြစ်စေ၊  တရားမမှုဆိုင်ရာ ဥပဒေအရ ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသူများအနေဖြင့်       ကိုယ်စားလှယ်လောင်းအဖြစ်   ဝင်ရောက်ယှဉ်ပြိုင်ခြင်း   မပြုရပါ။    လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ကိုယ်စားလှယ်လောင်း တင်သွင်းရာ၌   ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ဒိုင်နာ  ၅၀၀  နှင့်အတူ   ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့်  မဲဆန္ဒနယ်အတွင်းရှိ မှတ်ပုံတင်ထားသော  မဲဆန္ဒရှင် ၁၀၀ ဦး ၏  လက်မှတ်ရေးထိုးထားသည့်  ထောက်ခံ ချက် လိုအပ်သည်။ ထို့ပြင် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ဒိုင်နာ  ၅၀၀  ကိုလည်း   ပြန်လည် ထုတ်ယူခွင့် မပြုပါ။

 


အထွေထွေအမျိုးသားကွန်ဂရက် (General National Congress-GNC) ရွေးကောက်ပွဲ (၂၀၁၄ ခုနှစ်)


လစ်ဗျားနိုင်ငံတွင်  သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲဟူ၍   နှစ်မျိုးရှိသည်။ အထွေထွေ  အမျိုးသားကွန်ဂရက်ကို     အဖွဲ့ဝင် နေရာ၂၀၀ ဖြင့်  ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နေရာ ၂၀၀ ဖြင့် ဖွဲ့စည်းရာ၌ အဖွဲ့ဝင် ၃၂ နေရာကို အမျိုးသမီး များအတွက် သီးသန့်ထားရှိခဲ့သည်။ ၂၀၁၄ ခုနှစ်  ဇွန်လတွင်     ကျင်းပပြုလုပ်ခဲ့သော     အထွေထွေ အမျိုးသားကွန်ဂရက်  ရွေးကောက်ပွဲတွင်   မူလ မဲဆန္ဒနယ်   ၁၃ ခုရှိပြီး မဲဆန္ဒနယ်ခွဲ ၇၅ ခု ခွဲခြား ခဲ့သည်။     မှတ်ပုံတင်ခဲ့သော   မဲဆန္ဒရှင်ဦးရေ ၁၅၀၉၁၂၈  ဦး ဖြစ်သည်။ မဲပေးသည့်  မဲဆန္ဒရှင် စုစုပေါင်း  ၆၃၀၀၀၀  ရှိခဲ့သည်။   မဲဆန္ဒရှင်များ အနေဖြင့်    ရွေးကောက်ပွဲတွင်    မဲပေးနိုင်သည့် အခွင့်အရေး   သို့မဟုတ်   မဲမပေးဘဲနေနိုင်သည့် အခွင့်အရေးရှိသည်။ အဆိုပါ ရွေးကောက်ပွဲတွင် အဖွဲ့ဝင်ဦးရေ ၂၀၀ အတွက် အဖွဲ့ဝင်ဦးရေ ၄၀ အား ဗဟုအများစု ကိုယ်စားပြုစနစ်(Plurality System)ဖြင့် ရွေးကောက်တင်မြှောက်ပြီး အဖွဲ့ဝင်ဦးရေ ၈၀ ကို  လွှဲပြောင်း၍မရသော  တစ်မဲတည်းပေးစနစ် (Single Non-transferable Vote – SNTV)ဖြင့် ရွေးကောက်တင်မြှောက်ကာ  ကျန်အဖွဲ့ဝင်ဦးရေ ၈၀ ကို    စာရင်းပိတ်    အချိုးကျကိုယ်စားပြုစနစ် (Closed List Proportional Representatives – PR) ဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည်။ အဖွဲ့ဝင် နေရာ ၂၀၀ ဖြင့် ဖွဲ့စည်းသည့် အထွေထွေအမျိုးသား ကွန်ဂရက်အတွက် ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက် နေ့တွင် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် မဲရုံအချို့၌ သပိတ်မှောက်ခြင်းနှင့် အကြမ်းဖက် မှုများကြောင့် စုစုပေါင်း ၁၈၈ ဦးကိုသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့သည်။
အဖွဲ့ဝင်နေရာ     ၂၀၀  ဖြင့်     ဖွဲ့စည်းထားသည့် လွှတ်တော်အတွက်  လာမည့်ရွေးကောက်ပွဲတွင် မဲများသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက် ရန်   ကြေညာထားသည်။    သီးခြားမဲဆန္ဒနယ် (single-member constituency)  တွင်    ဗဟု  အများစုကိုယ်စားပြုစနစ်ဖြင့်            ရွေးကောက် တင်မြှောက်ပြီး  မဲဆန္ဒနယ်ပေါင်းစုံ     (Multi-member Constituencies)တွင်  လွှဲပြောင်း၍ မရ သော တစ်မဲတည်းပေးစနစ်(SNTV)ဖြင့် ရွေးကောက် တင်မြှောက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

 


လစ်ဗျားနိုင်ငံ၏ ဥပဒေပြုလွှတ်တော် 
(House of Representatives-HoR)


လစ်ဗျားနိုင်ငံတွင် House of Representa- tives- HoR ဟူသည့်        ဥပဒေပြုလွှတ်တော်  တစ်ရပ်သာရှိသည်။  လစ်ဗျားနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော  လွှတ်တော်ရွေးကောက်ပွဲသည် ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဖြစ်သည်။    ရွေးကောက်ပွဲပြီးနောက်   အထွေထွေအမျိုးသားကွန်ဂရက်ကို  ဖျက်သိမ်းခဲ့ပြီး ၎င်း၏နေရာတွင်   လစ်ဗျားနိုင်ငံ၏   ဥပဒေပြု လွှတ်တော်ကို  အစားထိုးခဲ့သည်။   အထွေထွေအမျိုး သား    ကွန်ဂရက်သည်   ဥပဒေပြုလွှတ်တော်ထံ ၄-၈-၂၀၁၄ ရက်တွင် ၎င်း၏ အခွင့်အာဏာများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး       ဥပဒေပြုလွှတ်တော်   သည် အဆိုပါနေ့၌ပင် လစ်ဗျားနိုင်ငံ၏ တရားဝင် ဥပဒေပြုလွှတ်တော်ဖြစ်လာခဲ့သည်။    ဥပဒေပြု လွှတ်တော် (HoR)၏   သက်တမ်းမှာ  လွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်နေ့မှ    နောက်  ရွေးကောက်ပွဲ ကျင်းပပြီး       လွှတ်တော်ကိုယ်စားလှယ် အသစ်  ရွေးကောက်တင်မြှောက်ခြင်းမပြုမီ   အချိန် အထိဖြစ်သည်။    လစ်ဗျားနိုင်ငံ၏     ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၁  ခုနှစ်  ဒီဇင် ဘာလ ၂၄ ရက် နေ့တွင်   ကျင်းပပြုလုပ်ရန်   စီစဉ် ခဲ့သော်လည်း    လုံခြုံရေးအခြေအနေများကြောင့်  ရွေးကောက်ပွဲအား  အဆိုပါနေ့၌  ကျင်းပနိုင်ခြင်းမရှိ ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

 


လစ်ဗျား အမျိုးသားရွေးကောက်ပွဲကော်မရှင် (The High National Election 
Commission- HNEC) 


လစ်ဗျားနိုင်ငံ၏      သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို စီမံခန့်ခွဲ ကြီးကြပ် ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ တွင် လစ်ဗျားအမျိုးသားရွေးကောက်ပွဲကော်မရှင် ကို     စတင်ဖွဲ့စည်းခဲ့သည်။       လစ်ဗျားအမျိုးသား ရွေးကောက်ပွဲကော်မရှင်     (HNEC)သည် လွတ်လပ် သော    အဖွဲ့အစည်းဖြစ်သည်။    ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဦးရေ ၁၁ ဦးမှ ၂၀ အထိ ဖွဲ့စည်းနိုင်သည်။ ၎င်းတို့၏ ရာထူးသက်တမ်း ကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါ။ ရွေးကောက်ပွဲ ကော်မရှင်သည်  မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း ကိစ္စရပ်များကို     ကြီးကြပ်ဆောင်ရွက်သည်။  ထို့ပြင် အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ရန်အတွက် လိုအပ် သည့်   စည်းမျဉ်းစည်းကမ်းများကို    ထုတ်ပြန်ကြေညာနိုင်သည်။    ရွေးကောက်ပွဲ ကော်မရှင်သည်  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များကို စီမံခန့်ခွဲသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ် များဖြစ်သည့်     ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို    နိုင်ငံသားများအား   အသိပေး ထုတ်ပြန်ခြင်း၊ အသိပညာများပေးခြင်း၊  မဲဆန္ဒရှင်စာရင်းများ  မှတ်ပုံတင်ခြင်း၊ မီဒီယာနှင့်စောင့်ကြည့် လေ့လာသူ များ     အသိအမှတ်ပြုခြင်းစသည့်  ကိစ္စများကိုလည်း ဆောင်ရွက်သည်။ 

 


ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်များ


လစ်ဗျားနိုင်ငံ၏  ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းတွင်ပါဝင်ခြင်းမရှိသည့် မည့်သည့်ပုဂ္ဂိုလ် ကိုမျှ မဲပေးခွင့်မပြုဘဲ မဲဆန္ဒရှင်စာရင်းတွင် ပါဝင် သော  မဲဆန္ဒရှင်များသာ  ဆန္ဒမဲပေးခွင့်  ရှိသည်။ မဲဆန္ဒရှင်များ၏ အသက်ကန့်သတ်ချက်သည် ၁၈ နှစ် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသည့် လစ်ဗျားနိုင်ငံသား ဖြစ်ရမည့်အပြင်          နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ ကိုယ်စားလှယ် စေလွှတ်၍ ဆန္ဒမဲပေးခြင်းအား မည်သူကိုမျှ ခွင့်မပြု ပါ။ ရွေးကောက်ပွဲနေ့ မဲရုံဖွင့်ချိန်သည်  နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲရုံဖွင့်ချိန်အတွင်း ကြိုက်နှစ်သက်သည့်အချိန်တွင် ဆန္ဒမဲပေးနိုင်သည်။ မဲရုံပိတ်ချိန်  ည  ၈  နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော မဲဆန္ဒရှင်များအား ဆန္ဒမဲပေးခွင့် မပြုသော်လည်း ည ၈ နာရီ မတိုင်မီ သတ်မှတ်ထားသော မဲရုံပရဝဏ်အတွင်း ရောက်ရှိ နေသော မဲဆန္ဒရှင်များအား မဲပေးခွင့်ပြုသည်။ 

 


မဲရုံတွင် မဲရုံတာဝန်ခံ တစ်ဦး၊ မဲရုံကြီးကြပ်သူ တစ်ဦး၊ မဲဆန္ဒရှင် သက်သေခံအထောက်အထား စစ်ဆေးသူ တစ်ဦး၊ မဲလက်မှတ်ထုတ်ပေးသူ တစ်ဦး နှင့် မဲပုံးစောင့်ရှောက်သူ/ မင်တို့ပေးသူစသည့် မဲရုံ ဝန်ထမ်းများရှိသည်။ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များ၊ စင်တာမှဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပ     ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ ပြည်တွင်း/ပြည်ပ  သတင်းမီဒီ ယာများ၊  ရွေးကောက်ပွဲကော်မရှင်မှ  တရားဝင် အသိအမှတ်ပြုထားသော ဧည့်သည်တော်ကြီးများ (ဥပမာ-သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အထူးကိုယ်စားလှယ်တော်များ)ကို မဲရုံအတွင်းသို့   ဝင်ခွင့်ပြုနိုင်သည်။  သို့သော်မဲရုံ အတွင်းသို့ လက်နက်ခဲယမ်းပစ္စည်းများ ယူဆောင် ခြင်းအား တားမြစ်ထားသည်။

 


မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ဆန္ဒပြုထားသည့် မဲသည် ပယ်မဲ (Cancelled ballot) မဖြစ်စေရေး လက်ချောင်းတွင် မင်တို့ရန် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့် မဲဆန္ဒရှင်အနေဖြင့် လျှို့ဝှက် ဆန္ဒပြုခန်းတွင်  ဆန္ဒပြုပြီးပါက  မဲပုံးအတွင်းသို့ ဆန္ဒမဲလက်မှတ်   မထည့်မီ  မဲပုံးအနီးတွင်ရှိသော မဲပုံးစောင့်ရှောက်သူက မဲဆန္ဒရှင်အား ညာလက်ညှိုး တွင်   မင်တို့ပေးသည်။  ညာလက်ညှိုး  မရှိပါက ညာလက်မှ   သင့်လျော်သည့်  လက်ချောင်းကို မင်တို့ပြီး ညာလက်မရှိပါက ဘယ်လက်ရှိ သင့်လျော် သည့် လက်ချောင်းတွင် မင်တို့သည်။ မင်တို့ပြီး နောက် မဲဆန္ဒရှင်သည် ၎င်း၏ ဆန္ဒမဲလက်မှတ်အား မဲပုံးအတွင်းသို့ ထည့်သွင်းရသည်။ မဲဆန္ဒရှင်သည် မင်တို့ခြင်းမပြုဘဲ ငြင်းဆန်ပါက အဆိုပါမဲအား ပယ်မဲအဖြစ် သတ်မှတ်သည်။ ခြွင်းချက်အနေဖြင့်  မင်တို့ရန်  လက်နှစ်ဖက်လုံး  မပါရှိလျှင်  မင်တို့ခြင်း အား ကင်းလွတ်ခွင့်ပြုနိုင်သည်။ 

 


မဲရုံဝန်ထမ်းများသည် မဲရုံတွင် မဲရေတွက်ခြင်းကို မဲရုံပိတ်ပြီးပါက စတင်ဆောင်ရွက်သည်။ မဲရေတွက် ရာတွင် မဲရုံဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် အသိအမှတ်ပြုထားသော ဧည့်သည်တော်ကြီးများ (ဥပမာ- သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ   အထူးကိုယ်စားလှယ်တော်များ)၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ပြည်တွင်း/ ပြည်ပမှ သတင်းမီဒီယာများကို မျက်မြင် သက်သေအဖြစ်  ကြည့်ရှုခွင့်ပြုနိုင်သည်။   မဲရေ တွက်ခြင်း ဆောင်ရွက်ရာတွင် (၁) ဆန္ဒပြုထားသော မဲလက်မှတ်များအား စုပေါင်းခြင်း (Reconciliation)၊ (၂) အမျိုးအစားအလိုက် စုစည်းခြင်း(Sorting)၊ (၃) မဲလက်မှတ်များ ရေတွက်ခြင်း (Counting) ဟူ၍ အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သည်။ ရေတွက်၍ ရရှိသော    မဲရလဒ်စာရင်းများကို  ရွေးကောက်ပွဲ ကော်မရှင်  (HNEC)က   အတည်ပြုပြီးနောက် အနိုင်ရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာသည်။

 


နိဂုံး


လစ်ဗျားနိုင်ငံသည်     ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေနှင့်  လိုက်လျောညီထွေ ဖြစ်စေရန် ဥပဒေပြုလွှတ်တော်များကို ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အလျောက်           ယခင် ရွေးကောက်ပွဲများ အတွေ့အကြုံနှင့်     ယခင်က ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်၏  အားနည်း ချက်/ အားသာချက်များအပေါ်မူတည်၍ ၎င်းတို့နိုင်ငံ နှင့်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း      လေ့လာသုံးသပ်တွေ့ရှိရ ပါသည်။      ။ 
 

ကျမ်းကိုး
-    https://hcs.gov.ly/
-    https://www.worldometers.info/world-population/libya-population/
-    https://kids.nationalgeographic.com/geography/countries/article/Libya
-    https://www.nationsencyclopedia.com/Africa/Libya-GOVERNMENT.html
-    https://constitutionnet.org/country/constitutional-history-libya
-    https://www.electionguide.org/elections/id/2798/
-    https://www.aecproject.org/epic-en/CDCountry?country=LY
-    https://www.temehu.com/libya.htm
-    https://www.temehu.com/HOR/polling-manual-eng.pdf
-    https://www.temehu.com/political-parties.htm
-    https://www.temehu.com/house-of-representatives.htm
-    https://www.temehu.com/political-parties.htm
-    http://archive.ipu.org/parline-e/reports/2185_E.htm
-    http://archive.ipu.org/parline-e/reports/arc/2185_12.htm
-    https://data.ipu.org/node/97/parliamentary-mandate?chamber_id=13429