
အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထိရောက်စွာဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အများစုကို အချိန်မီ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၃-၁၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)