ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

နေပြည်တော်   ဩဂုတ်  ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့ အစည်း များအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်  ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


ယင်းသို့       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    သတင်း ထုတ်ပြန်   ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသား     လက်နက်ကိုင် အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ    တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း     မရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက် လာသော  PDF  အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍    ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို  ယနေ့ တွင်      အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊   ကလေး၊   ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ  ခန်းမများ၌ ပြုလုပ်ရာ  စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ်     ဦးမြတ်ကျော်၊     တိုင်းမှူး  ဗိုလ်ချုပ်သန်းထိုက်နှင့် ဌာနဆိုင်ရာ        တာဝန်ရှိသူများ၊       ပြန်လည်    အလင်းဝင်ရောက် လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏    မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်  တိုင်းမှူးတို့က  နယ်မြေ ဒေသ  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ  ပုဒ်မများကို ရှင်းလင်းဆွေးနွေး    ပြောကြား သည်။  ထို့နောက်  ဥပဒေဘောင် အတွင်း  ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်း  မရှိခဲ့ သော  စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊    ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊    စစ်ကိုင်း မြို့နယ်နှင့်  မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့်  အမျိုးသမီး တစ်ဦးတို့သည်     ၎င်းတို့နှင့်အတူ ပါလာသည့်  မောင်းပြန်သေနတ် လေးလက်၊    ပစ္စတိုသေနတ် တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံးနှင့် စကားပြောစက်    နှစ်လုံးတို့ကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန် ရှိသူများက      လက်ခံရယူပြီး   မောင်းပြန်သေနတ်ဖြင့်  အလင်း ဝင်ရောက်လာသူ   လေးဦးအား တစ်ဦးလျှင်    ဆုကြေးငွေကျပ်သိန်း ၅၀ ၊   ပစ္စတိုသေနတ်ဖြင့်   အလင်း ဝင်ရောက်လာသူ        တစ်ဦးအား ဆုကြေးငွေကျပ်သိန်း ၂၀ ၊ လက်ပစ် ဗုံးနှစ်လုံးနှင့်   စကားပြောစက် နှစ်လုံးတို့ဖြင့် အလင်းဝင်ရောက် လာသူတစ်ဦးအား ၇ သိန်းကျပ်၊   တိုင်းဒေသကြီး      အစိုးရအဖွဲ့မှ   အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင်   ငွေကျပ်သိန်း ၂၀   စုစုပေါင်း    ငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက် ဖွယ်ရာများပေးအပ်ရာ    အလင်း ဝင်ရောက်လာသူများက     လက်ခံ ရယူကြသည်။  

 ယင်းနောက် အလင်းဝင်ရောက် လာသူများအား       ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ  ၎င်းတို့ ၏    မိဘအုပ်ထိန်းသူများထံသို့    လွှဲပြောင်းပေးအပ်သည်။


ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ     ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ် သည့်ကူညီပံ့ပိုးမှုများ  ဆောင်ရွက် ပေးကာ   လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက်   ဆုကြေးငွေများ ထိုက်ထိုက်တန်တန်   ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေ ဘောင်အတွင်းသို့     ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်  ရဲစခန်းများသို့ အမြန်   ဆက်သွယ်သတင်းပေးပို့ လာပါက  ကြိုဆိုလက်ခံပေးသွား မည်ဖြစ်ကြောင်းနှင့်       လက်နက်/ခဲယမ်းများပါရှိမှုအတွက်  ဆုကြေး ငွေများအား ထိုက်တန်စွာ ပေးအပ် သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။                  

သတင်းစဉ်