ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  ဇူလိုင်  ၈


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း   သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်   ဥပဒေဘောင် အတွင်း   ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး    စဉ့်ကူး မြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ PDF   အဖွဲ့ဝင်များအား  ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ တွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး၌      ပြုလုပ်ရာ အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်   အောင်အောင်နှင့် မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊    ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏   မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ တပ်နယ်မှူးနှင့် တာဝန် ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့်   တရားဥပဒေ ဆိုင်ရာ   ပုဒ်မများကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း  ဝင်ရောက် ခဲ့သည့်      ပြစ်မှုကျူးလွန်ခြင်းမရှိ ခဲ့သော စဉ့်ကူးမြို့နယ်နှင့် မတ္တရာ မြို့နယ်တို့မှ      PDF   အဖွဲ့ဝင် အမျိုးသားနှစ်ဦးကို    ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများ ထံသို့    လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင်     ပါဝင် ပူးပေါင်း    ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ   ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက   ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ    ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော   PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း      ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့်   သက်ဆိုင်ရာ တာဝန်ရှိသူများက     ၎င်းတို့၏ မိဘ       အုပ်ထိန်းသူများထံသို့ လွှဲပြောင်း      အပ်နှံပေးလျက်ရှိကြောင်း သိရသည်။  


သတင်းစဉ်