“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု (ဂ) ပွဲစဉ် (၅) ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်  စက်တင်ဘာ  ၂၈


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ် (၁၈) ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ  ကျင်းပမည် ဖြစ်သည်။ 

 


အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ် ဒမီ ချိုပြုံး၊ စန္ဒရား မျိုးနိုင်နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည် ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေး သံရှင်များဖြစ်ကြသည့်  ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က   အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲသို့   နေပြည်တော်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့်  ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု (ဂ) ပွဲစဉ်(၅) ကို  စက်တင်ဘာ ၃၀ ရက်  သောကြာနေ့ညတွင်  ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ လင်းလင်း၊  စစ်ကိုင်းတိုင်းဒေသကြီးမှ   ထူးခန့်၊  ကယားပြည်နယ်မှ မေသူ၊ နေပြည်တော်မှ  ကျော်မင်းထက်၊  ရန်ကုန်တိုင်းဒေသကြီးမှ ကြည်ဖြူခင်၊ ချင်းပြည်နယ်မှ ဖြိုးမင်းပိုင်၊ ကရင်ပြည်နယ်မှ ချိုသဲဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှင်းပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးတို့၏ ပြဋ္ဌာန်းတေးသီချင်း များဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီသတင်းများ အပြီးတွင် MRTV – HD မှ တိုက်ရိုက်  Live  ရိုက်ကူးထုတ်လွှင့်သွား မည်ဖြစ်ကြောင်းနှင့်   ထိုသို့တင်ဆက်မှုကို  အောက်တိုဘာ ၂ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်