“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၃)ပထမပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၂


စိန်ရတု         ပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသောအားဖြင့်    “တူယှဉ် နွှဲပျော် ဂီတပွဲတော်”    သီချင်းဆို ပြိုင်ပွဲ   အုပ်စု(၃)   ပထမပွဲစဉ်ကို ဒီဇင်ဘာ ၂၄ ရက် (သောကြာနေ့)   ညတွင်  မြန်မာ့အသံနှင့်   ရုပ်မြင် သံကြားမှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်။  

 


အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ         ဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီးမှ  နော် အေးသစ္စာထူး၊     ဧရာဝတီတိုင်း ဒေသကြီးမှ   ချိုမီမီဇော်၊  မွန်ပြည် နယ်မှ  မောင်သက်၊ ရခိုင်ပြည်နယ် မှ ဖြူလှ၊   ပဲခူးတိုင်းဒေသကြီးမှ မင်းသားလေး၊      ရှမ်းပြည်နယ် မှ  မေဖြူခင်၊     ကချင်ပြည်နယ်မှ အရိန့်၊ ချင်းပြည်နယ်မှ  နန်းဆွေ နှင့် ကယားပြည်နယ်မှ  နန္ဒာလင်း တို့က  ယှဉ်ပြိုင်သီဆိုကြမည်ဖြစ် ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတမှ တီးခတ်ပေး မည်ဖြစ်ကာ        ဒုတိယအကြိမ် အဖြစ် ဒီဇင်ဘာ ၂၆ ရက် (တနင်္ဂနွေ နေ့)၊    နံနက် ၁၀  နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်     ဖြစ်သည်။ 

 


“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို          ပြိုင်ပွဲတွင်   နေပြည်တော်၊      ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ညီအစ်ကို    မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း (၄၅)ဦးတို့က အဖွဲ့ ငါးဖွဲ့ ခွဲ၍  အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန် မြို့  ပြည်လမ်းရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို  ရန်ကုန် မြို့ ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင်       လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ   ၁၁     ရက်အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်