တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၁၇၇ ဦးရှိ

အန်ကာရာ   နိုဝင်ဘာ  ၂၂


တူရကီနိုင်ငံ၌     လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၂၁၁၇၇ ဦးရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်း တွင် ကူးစက်ခံရသူပေါင်း ၈၅၇၁၅၅၄ ဦး ရှိလာကြောင်း  တူရကီကျန်းမာရေးဝန်ကြီး ဌာနက ယနေ့တွင် ပြောကြားသည်။


ထို့ပြင်    တူရကီနိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉  ရောဂါ ကြောင့် သေဆုံးသူ ၁၉၅ ဦး   ထပ်မံတွေ့ရှိ ရသဖြင့် သေဆုံးသူပေါင်း  ၇၅၀၄၂   ဦး ရှိလာကြောင်းနှင့်  လွန်ခဲ့သည့်တစ်ရက် အတွင်း  ကိုဗစ်-၁၉  ရောဂါမှ  ပြန်လည် ကျန်းမာလာသူ    ၃၄၂၉၀   ရှိကြောင်း သိရသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ကို နိုင်ငံအတွင်း  အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း  ကာကွယ်ဆေးထိုးနှံမှု    အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၆ ဒသမ ၀၃  သန်းကျော်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၀ ဒသမ ၀၃ သန်းကျော်ရှိကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးအလုံးရေပေါင်း  ၁၁၉ ဒသမ ၃၂ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်