တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ သန်း ၅၀ ကျော်ရှိ

အန်ကာရာ  နိုဝင်ဘာ  ၂၁


တူရကီနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး                နှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ   စုစုပေါင်း သန်း ၅၀ ကျော် ရှိကြောင်း    တူရကီကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် အတည်ပြုပြောကြားသည်။


တူရကီနိုင်ငံသည်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်     တူရကီကျန်းမာရေး အာဏာပိုင်များက    အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင်  တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်  ထိုးနှံပြီးသူ  စုစုပေါင်း        ၅၆ သန်းကျော်ရှိပြီး    ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၉ ဒသမ ၂၇ သန်းကျော် အသုံးပြုပြီးဖြစ် ကြောင်း သိရသည်။


တူရကီနိုင်ငံသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး  လွန်ခဲ့ သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ  ၂၃၃၄၇   ဦးရှိပြီး   နိုင်ငံတစ်ဝန်း၌  ကူးစက် ခံရသူပေါင်း  ၈၅၅၀၃၇၇ ဦးရှိလာကြောင်း  တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ  ၂၀၁ ဦး ထပ်မံ တွေ့ရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၇၄၈၄၇ ဦး ရှိလာ ကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း  ကိုဗစ်-၁၉  ရောဂါမှ  ပြန်လည်ကျန်းမာလာသူ   ၂၉၁၆၃ ဦးရှိ ကြောင်း သိရသည်။ 


ကိုကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်