
နယူးဒေလီ ဩဂုတ် ၃၁
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် ဥတ္တရာပ ရာဒေ့ရှ်တွင် ပြီးခဲ့သည့် ရက် အနည်းငယ်အတွင်း ကလေး များအပါအဝင် ၃၉ ဦးထက် မနည်း တုပ်ကွေးရောဂါကဲ့ သို့သော အဖျားရောဂါဖြင့် သေဆုံးခဲ့သည်ဟု ဩဂုတ် ၃၀ ရက်တွင် မီဒီယာများ၌ ဖော်ပြ ကြသည်။
ဖီရိုဇာဘတ်ခရိုင်နှင့် အနီး အနားဒေသတို့တွင် သေဆုံးမှု များ ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။ ကလေးငယ် ၃၂ ဦးနှင့် အရွယ်ရောက်ပြီးသူ ခုနစ်ဦးတို့ သေဆုံးခဲ့သည်ဟု ပြည်နယ် ဝန်ကြီးချုပ် ယိုဂီအဒစ်ရာနက် က အတည်ပြုပြောကြားခဲ့ သည်။ တုပ်ကွေးကဲ့သို့ အဖျား ရောဂါဖြင့် သေဆုံးခဲ့ရသူများ ၏မိသားစုဝင်များထံ ပြည်နယ် ဝန်ကြီးချုပ် သွားရောက်ခဲ့ပြီး လိုအပ်သည့် အကူအညီများ ပေးသွားမည်ဟု ပြောကြားခဲ့ သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ယင်းကဲ့သို့ ရောဂါလက္ခဏာ ပြသသည့် ကလေးများ ဆေးရုံတက်ရာ ဒေသခံဆေးရုံသို့လည်း သွား ရောက်ခဲ့သည်ဟု သိရသည်။
ဆင်ဟွာ