တရုတ်နိုင်ငံပြည်တွင်း ယူရီးယားဈေးနှုန်း သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ၂ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လွန်ခဲ့သည့်အပတ်က တစ်တန်လျှင် တရုတ်ငွေကြေး ယွမ် ၃၁၆၇ ရှိခဲ့ရာမှ ယခင်အပတ်က အနည်းငယ်ကျဆင်းခဲ့ပြီး ယခု သီတင်းပတ်ကုန်တွင် ၃၀၉၇ ယွမ်သို့ ကျဆင်းလာသည်။
အများအပြား ထုတ်လုပ်သူများ၏ အဆိုအရ တရုတ်နိုင်ငံရှိ ပင်မစက်ရုံထုတ် ယူရီးယားစျေးနှုန်းသည် ပြီးခဲ့သည့်အပတ် ကတည်းက အနည်းငယ်ကျဆင်းသွား ကြောင်း၊ ဂျန်ရှူးစန် ယူရီးယားတစ်တန် ယွမ် ၃၃၀၀ စျေးပေါက်ခဲ့ရာ လွန်ခဲ့သည့် နှစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယာယီစျေးနှုန်း တည်ငြိမ်ခဲ့ကြောင်း၊ ရှန်ဒုံးရွီဇင်းယူရီးယား တစ်တန်လျှင် ယွမ် ၃၀၆၀ စျေးပေါက် ခဲ့ပြီး ယခုသီတင်းပတ်တွင် တစ်တန်လျှင် ယွမ် ၉၀ ကျဆင်းသွားကြောင်း သိရှိရ သည်။
မိုးရွာသွန်းမှုပိုများလာသဖြင့် စိုက်ပျိုး ရေးဘက်တွင် လိုအပ်ချက်လျော့နည်း လာခြင်း၊ ဒြပ်ပေါင်းဓာတ်မြေသြဇာနှင့် ရော်ဘာပြားစက်ရုံများ လိုအပ်ချက် နည်းလာခြင်းနှင့် မယ်လမင်းဈေး အနည်း ငယ်ကျလာခြင်းကြောင့် ယူရီးယား ဝယ်ယူမှု ကျဆင်းလာခဲ့သည်ဟုလည်း သုံးသပ်ကြသည်။ ယူရီးယားအထွက်နှုန်း မှာ တစ်နေ့လျှင် တန်ချိန် ၁၇၀၀၀၀ ခန့် ရှိပြီး အနာဂတ်ဈေးကွက်တွင် ယူရီးယား ဈေးအနည်းငယ် အတက်အကျရှိပြီး အဓိကအားဖြင့် ကျဆင်းလာနိုင်မည်ဖြစ် ကြောင်း ခန့်မှန်းကြသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊



