တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ လေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

 

အောက်တိုဘာ ၁ ရက်အထိ လူဦးရေစုစုပေါင်း ၈၂၆၄၁၅၇ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

 

နေပြည်တော်   အောက်တိုဘာ   ၂ 


ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ် တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ  ၂၄ သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် အနက် ကာကွယ်ဆေး အကြိမ်ရေ လေးသန်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၅ နာရီတွင် ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဦးဆောင်သည့်အဖွဲ့က   လက်ခံရယူသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/   ပြည်နယ်များသို့   လိုအပ်ချက်အရ   မြေပြင်ခရီး လမ်းကြောင်းမှလည်းကောင်း၊    တပ်မတော် (လေ)နှင့်  မြန်မာ့လေကြောင်းတို့၏ အကူအညီ ဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေး လမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်း သိရသည်။ 


ယခုရောက်ရှိလာသော ကာကွယ်ဆေးများ ကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထား သော ဦးတည်အုပ်စုများအား ဦးစားပေးအစီ အစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွား မည်ဖြစ်သည်။ 


ယနေ့အထိ ကာကွယ်ဆေးများ ရောက်ရှိ လာမှုအနေဖြင့်   ကျန်းမာရေးဝန်ကြီးဌာနက   ဝယ်ယူထားသော   COVISHIELD   နှစ်သန်း၊ Sinopharm ၁၄ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈ သန်း doses ရောက်ရှိပြီးဖြစ်သည်။      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses (၅)သန်းကျော်ကိုလည်း လက်ခံရရှိပြီးဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍   ထိုးနှံပေးလျက်ရှိရာ  အောက်တိုဘာ ၁ ရက်အထိ လူဦးရေစုစုပေါင်း (၈,၂၆၄,၁၅၇)   ဦးအား  ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၈၆၃,၃၄၄) ဦး နှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၄၀၀,၈၁၃)ဦး ရှိပြီဖြစ်သည်။


 သို့ဖြစ်၍ အောက်တိုဘာ ၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း (၁၂,၁၂၇,၅၀၁) ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။


မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိ လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူ များအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ် ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက် ၍  ထိုးနှံမှုခံယူခြင်းနှင့်   ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာန က  တိုက်တွန်းနှိုးဆော်ထားသည်။

သတင်းစဉ်