တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသန်း doses အနက် တတိယအသုတ်တစ်သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၂၁  


ကျန်းမာရေးဝန်ကြီးဌာနသည်    ကိုဗစ်-၁၉   ရောဂါ   ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ်များတွင်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိရာ      ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန   အနေ ဖြင့် ဝယ်ယူထားရှိသည့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစုစုပေါင်း  ၃၁ သန်း  doses နှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့  မိတ်ဆွေနိုင်ငံများ မှ လှူဒါန်းလာသည့်     ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး   စုစုပေါင်း ၉၁၆၈၈၀၀   doses ရရှိပြီးဖြစ်၍ ဝယ်ယူမှုနှင့်         လှူဒါန်းမှုတို့မှစုစုပေါင်း   ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေး   ၄၀၁၆၈၈၀၀  doses ရောက်ရှိပြီးဖြစ်သည်။ 

 


လက်ခံရယူ


တရုတ်ပြည်သူ့သမ္မတနိုင်ငံက  မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးသုံးသန်း  doses  လှူဒါန်းထားသည့်အနက် တတိယအသုတ်အဖြစ် Sinovac  အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်သန်း dosesနှင့် ဆေးထိုးအပ်  ၁  ဒသမ ၅ သန်းသည်  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄နာရီ ခွဲတွင် ထပ်မံရောက်ရှိလာခဲ့ရာ  ရန်ကုန်တိုင်းဒေသ ကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။ 

 


သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  သုံးသန်း  doses သည် သုံးသုတ်ခွဲ၍ ယနေ့တွင် အပြည့်အစုံ ရောက်ရှိ ပြီးဖြစ်သည်။

 


 ထိုးနှံပေးလျက်ရှိ


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိရာ နိုဝင်ဘာ ၂၀  ရက်အထိ  လူဦးရေစုစုပေါင်း ၁၅ ဒသမ ၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်   အပြည့်ထိုးနှံပြီးစီးသူ ၁၀ ဒသမ ၄ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ  ၉  သန်းရှိပြီ ဖြစ်သည်။     


 သို့အတွက် နိုဝင်ဘာ  ၂၀  ရက်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၈ သန်း  ထိုးနှံပြီးဖြစ်သည်။ ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးထိုးစီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (VMIS) တွင် အချက်အလက်များကို စနစ်တကျ ထည့်သွင်းထားရှိ၍ QR code ပါရှိသည့် ကာကွယ် ဆေးထိုးနှံပြီးကြောင်း အသိအမှတ်ပြုကတ်ပြားများ ကိုလည်း ထုတ်ပေးလျက်ရှိသည်။ 

 


 အထောက်အထားအဖြစ်ပြသ

ကာကွယ်ဆေး   အကြိမ်ပြည့်ထိုးနှံပြီးသူများ အနေဖြင့် ပြည်တွင်း/ပြည်ပ  ခရီးသွားလာရာတွင် ဖြေလျှော့ပေးမှုများအလိုက် လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေးအတွက်   အဆိုပါကာကွယ်ဆေး ထိုးနှံပြီးကြောင်း အသိအမှတ်ပြုကတ်ပြားများကို အထောက်အထားအဖြစ် ပြသနိုင်မည်ဖြစ်သည်။

 


အသိပေးနှိုးဆော်


မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင်(သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်း တွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့    သွား ရောက်၍ ထိုးနှံမှုခံယူခြင်း စသည့် ကိုဗစ်- ၁၉  ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် မိမိကိုယ်တိုင် တွင်လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများတွင် လည်းကောင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ် ပြည့်ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြ ပါရန် ကျန်းမာရေးဝန်ကြီးဌာနက  အသိပေးနှိုးဆော် ထားသည်။            

သတင်းစဉ်