တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးသန်း doses အနက် တတိယအသုတ် တစ်သန်း doses ရောက်ရှိ

ဝယ်ယူမှုနှင့် လှူဒါန်းမှုတို့မှ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၄၀၁၆၈၈၀၀ doses ရောက်ရှိပြီးဖြစ်

 

နေပြည်တော် နိုဝင်ဘာ ၂၁  


ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   ပြည်ထောင်စု နယ်မြေ  နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ  ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဝယ်ယူထားရှိသည့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး   စုစုပေါင်း ၃၁ သန်း  doses နှင့် ကျန်းမာရေးဝန်ကြီးဌာနသို့  မိတ်ဆွေနိုင်ငံများမှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စုစုပေါင်း   ၉၁၆၈၈၀၀ doses ရရှိပြီးဖြစ်၍  ဝယ်ယူမှု နှင့် လှူဒါန်းမှုတို့မှ   စုစုပေါင်း  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ၄၀၁၆၈၈၀၀ doses ရောက်ရှိပြီး ဖြစ်သည်။


တတိယအသုတ်


တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး သုံးသန်း doses လှူဒါန်းထားသည့်အနက် တတိယအသုတ်အဖြစ်   Sinovac   အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်း doses နှင့်  ဆေးထိုးအပ်များသည်   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့     ယနေ့  ညနေ  ၄  နာရီခွဲတွင်      ထပ်မံရောက်ရှိလာခဲ့ရာ      ရန်ကုန်တိုင်း ဒေသကြီး ကုသရေး /ပြည်သူ့ကျန်းမာရေး    ဦးစီးဌာနမှူး     ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။ 


သို့ဖြစ်၍  တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  သုံးသန်း doses သည် သုံးသုတ်ခွဲ၍ ယနေ့တွင် အပြည့်အစုံ ရောက်ရှိပြီးဖြစ်သည်။


ကိုဗစ်-၁၉  ရောဂါ    ကာကွယ် ထိန်းချုပ်ရေးအတွက်   ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၀  ရက်အထိ  လူဦးရေစုစုပေါင်း ၁၅ ဒသမ ၃ သန်းအား   ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၀ ဒသမ ၄ သန်းနှင့်  ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၉  သန်း ရှိပြီဖြစ် သည်။ 


သို့အတွက် နိုဝင်ဘာ   ၂၀   ရက်အထိ မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး     အကြိမ်ရေစုစုပေါင်း ၂၅ ဒသမ ၈  သန်း   ထိုးနှံပြီးဖြစ်သည်။ ထိုသို့ကာကွယ်ဆေးများ  ထိုးနှံပေးလျက် ရှိရာတွင်  ကာကွယ်ဆေးထိုးစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (VMIS) တွင် အချက်အလက်များကို   စနစ်တကျ ထည့်သွင်းထားရှိ၍ QR code ပါရှိသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အသိ အမှတ်ပြု         ကတ်ပြားများကိုလည်းထုတ်ပေးလျက်ရှိသည်။ 
 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး သူများအနေဖြင့် ပြည်တွင်း/ပြည်ပခရီး သွားလာရာတွင်    ဖြေလျှော့ပေးမှုများ အလိုက်  လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေးအတွက် အဆိုပါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အသိအမှတ်ပြုကတ်ပြား များကို အထောက်အထားအဖြစ် ပြသနိုင် မည်ဖြစ်သည်။


အကြိမ်ပြည့်ထိုးနှံမှုခံယူ


မိဘပြည်သူများအနေဖြင့်    မိမိ အတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ် ပြည့်ထိုးနှံမှုခံယူခြင်း၊         ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု  ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံမှုကို     သတ်မှတ်ရက်တွင် (သို့မဟုတ်)  အနီးဆုံးသတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူ ခြင်းစသည့် ကိုဗစ်-၁၉  ရောဂါကာကွယ် ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် မိမိ ကိုယ်တိုင်တွင်လည်းကောင်း၊  မိသားစုဝင် များ၊ မိတ်ဆွေများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်     ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြပါရန် ကျန်းမာ ရေးဝန်ကြီးဌာနက  အသိပေးနှိုးဆော် ထားသည်။              

 

        သတင်းစဉ်