
နေပြည်တော် စက်တင်ဘာ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်- ၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ကြောင့် ယခုနှစ် မတ် ၃၁ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့သည့် ယူနန်ပြည် နယ် စစ်ဆောင်ပန ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ်ခွဲ မုန်လခရိုင် အနောက် တောင်ပိုင်း လန်ချန်းမြစ်ကမ်းရှိ ကွမ်းလေ ကုန်ပစ္စည်းသယ်ယူပို့ဆောင် ရေးဆိပ်ကမ်းကို စက်တင်ဘာ ၁၅ ရက် မှစ၍ ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း ယူနန်ပြည်နယ် စစ်ဆောင် ပနပြည်နယ်ခွဲ ပြည်သူ့အစိုးရ နိုင်ငံခြား ရေးရုံးမှ သိရသည်။
အဆိုပါ ဆိပ်ကမ်းသည် အင်ဒို ချိုင်းနားကျွန်းဆွယ်၏ အချက်အချာ နေရာနှင့် အရှေ့တောင်အာရှနိုင်ငံများ မဲခေါင်မြစ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်သော အဓိကဆိပ်ကမ်းတစ်ခု ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ယာယီရပ်ဆိုင်းခဲ့ရသည့် အတွက် လန်ချန်း-မဲခေါင် မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများ၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို များစွာ ထိခိုက်ခဲ့ရသည်။ ယခုအခါ လန်ချန်း-မဲခေါင်မြစ်ကြောင်းလမ်း၏ အားသာချက်ကို ထိထိရောက်ရောက် ပြန်လည် အသုံးပြုရန်နှင့် မြစ်ဝှမ်း တစ်လျှောက်ရှိ နိုင်ငံများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ရန် ရည်ရွယ်၍ တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။