တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ

 

နေပြည်တော်   နိုဝင်ဘာ   ၂၈


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သို့    ချစ်ကြည်ရေး     ခရီး ရောက်ရှိနေသည့် တရုတ်ပြည်သူ့  လွတ်မြောက်ရေးတပ်မတော်(ရေ)မှ       စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင် သော   ချစ်ကြည်ရေး   ကိုယ်စား လှယ်အဖွဲ့သည်   ယနေ့    နံနက် ပိုင်းတွင်     ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့  သွားရောက်လေ့လာ သည်။ 


အဆိုပါ ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် တပ်မတော် (ရေ) မှ တာဝန်ရှိသူများနှင့်  ရေကြောင်း လုံခြုံရေးဆိုင်ရာ      လေ့ကျင့်ခန်း ဆောင်ရွက်မည့် ကိစ္စရပ်များကို  ဆွေးနွေးခဲ့ပြီး သန်လျင်တပ်နယ်ရှိ  အခြေခံပညာ အထက်တန်းကျောင်း (ဆိပ်ကြီး) ၌ ပညာသင်ကြားနေ သော  ကျောင်းသား  ကျောင်းသူ များအား     စာရေးကိရိယာများ လှူဒါန်းသည်။ 


ညနေပိုင်းတွင်      နယ်မြေခံ  ရေတပ်ကွပ်ကဲမှု    ဌာနချုပ်မှူးက  ချစ်ကြည်ရေး       ကိုယ်စားလှယ် အဖွဲ့အား      ညစာစားပွဲဖြင့်   တည်ခင်း    ဧည့်ခံသည်။   ထို့ပြင်  တပ်မတော်    (ရေ)   မှ     အရာရှိ၊ စစ်သည်များသည် တရုတ်စစ်ရေ ယာဉ်များပေါ်သို့ တက်ရောက် လေ့လာခဲ့ကြောင်းနှင့်        တရုတ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည် များအနေဖြင့်          ရန်ကုန်မြို့ရှိ    အထင်ကရနေရာများသို့  လေ့လာ ရေးခရီး   သွားရောက်လည်ပတ် ခြင်းများ ဆောင်ရွက်ကြကြောင်း           သတင်းရရှိသည်။


 သတင်းစဉ်