တရုတ်နိုင်ငံက မလေးရှားနိုင်ငံသို့ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေတစ်သန်း ထပ်မံလှူဒါန်းမည်

ကွာလာလမ်ပူ  နိုဝင်ဘာ  ၂၄


တရုတ်နိုင်ငံသည်      မလေးရှားနိုင်ငံသို့ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေတစ်သန်း ထပ်မံလှူဒါန်းမည်ဖြစ် ကြောင်း ယနေ့သတင်းများအရ သိရသည်။


လက်ရှိတွင်     တရုတ်နိုင်ငံသည် အာဆီယံ(အရှေ့တောင်အာရှနိုင်ငံများ အသင်း)နိုင်ငံများသို့ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၈ သန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်း Sino- vac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အနက် ကာကွယ်ဆေးအလုံးရေ ငါးသိန်း ကို မလေးရှားနိုင်ငံသို့ လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း  မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖက်ဒင်အဗ္ဗဒူလာက ပြောကြားသည်။


တရုတ်နိုင်ငံသည်   နည်းပညာနှင့် ကျွမ်းကျင်မှုများကို မျှဝေခြင်းအားဖြင့် အာဆီယံ၏      ပြည်သူ့ကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာ စွမ်းဆောင်ရည်များအား မြှင့်တင်ဆောင်ရွက်နိုင်ရေး   အကူအညီ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။


တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ဆေးဘက် ဆိုင်ရာ   အထောက်အပံ့ပစ္စည်းများနှင့် စက်ကိရိယာများကိုလည်း ထပ်မံလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်