
ရန်ကုန် မတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂန်ဆူးပြည်နယ် Lanzhou မြို့၌ (၂၉) ကြိမ်မြောက် China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွား ရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို အားပေးမြှင့်တင်ရန်ဖြစ်သည့်အတွက် ဖိုရမ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံ၌ လာရောက်၍ စီးပွားရေးလုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်ပြီး မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် တည်းခိုနေထိုင် ရေးစရိတ် မပါဝင်သည့် အကျယ် ၃၀ စတုရန်း မီတာရှိသော ပြခန်းတစ်ခုကို (အခမဲ့) ထောက်ပံ့ ပေးမည်ဖြစ်ကြောင်းနှင့် ပြပွဲသို့ အစိုးရပိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဆိုပါက Lanzhou မြို့၌ နေထိုင်စဉ်အတွင်း သွားလာ ရေးနှင့် တည်းခိုနေထိုင်နိုင်ရေးအတွက် နှစ်ည အိပ် သုံးရက်စာအတွက် အခန်းနှစ်ခန်းကို ပြပွဲစီစဉ်သူက စီစဉ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ကိုရိုး