
ပေကျင်း စက်တင်ဘာ ၁
တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခရီးသွားများ ဝင်ရောက်စဉ် အကောက်ခွန်ရှင်းလင်းသည့်အခါ တွင် စမ်းသပ်မှုများနှင့် ယခင်ကူးစက်မှုများကဲ့သို့ အချို့သော ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ အချက် အလက်များကို အစီရင်ခံရန် မလိုအပ်တော့ကြောင်း ဩဂုတ် ၂၅ ရက်က ထုတ်ပြန်ထားသည်။
ခက်ခဲမှုများ လျော့နည်းစေရန်
နိုင်ငံတကာ ခရီးသွားများအတွက် ကမ္ဘာ့ အတင်းကျပ်ဆုံး ကိုဗစ်-၁၉ ရောဂါဆိုင်ရာမူဝါဒ အချို့ ရှိနေဆဲဖြစ်သည့် တရုတ်ပြည်မကြီးသည် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုအတွက် ခက်ခဲမှု များလျော့နည်းစေရန်နှင့် ဆောင်ရွက်ရန်လိုအပ် ချက်များ တိုတောင်းစေရန် ပြင်ပခရီးသွားများ အတွက် စမ်းသပ်စစ်ဆေးခြင်းနှင့် သီးသန့်ခွဲထုတ် ခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖယ်ရှားခြင်း ကဲ့သို့ သော ခြေလှမ်းများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြည်ပနိုင်ငံအများအပြားမှ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ရည်ရွယ်သူများသည် လေယာဉ် မတက်မီတွင် စမ်းသပ်မှုများနှင့် အခြားကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များကို တရုတ်သံရုံးများသို့ တိုင်ကြားရန်လိုအပ်ကြောင်းကိုမူ တရုတ်နိုင်ငံ သံရုံးဝက်ဘ်ဆိုက်များတွင် ဖော်ပြထားဆဲ ဖြစ်ကြောင်း ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး ထံမှ သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊