တရုတ် - မြန်မာ နယ်စပ်ဂိတ်သုံးခုကို ယူနန်ပြည်နယ်၏ စမတ်နယ်စပ်ဂိတ်များအဖြစ် တည်ဆောက်လျက်ရှိ

 

ရန်ကုန်   မတ်    ၁၀


ယူနန်ပြည်နယ်၌   တရုတ်နိုင်ငံမှ တောင်အာရှနှင့်  အရှေ့တောင်အာရှနိုင်ငံများသို့  အကျိုးပြုဗဟိုစင်တာ ကို      အရှိန်အဟုန်ဖြင့်    ကျယ်ကျယ်ပြန့်ပြန့်  တည်ဆောက်ရေး   အွန်လိုင်း သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည်။

 


“ယူနန်ပြည်နယ်             စမတ်နယ်စပ်ဂိတ်များ တည်ဆောက်ရေး အလုံးစုံစီမံချက်” အရ တရုတ်-လာအိုနယ်စပ်ရှိ  မောဟန်းနယ်စပ်ဂိတ်၊  တရုတ်-ဗီယက်နမ်နယ်စပ်ရှိ ဟော်ခိုနယ်စပ်ဂိတ်၊ တရုတ်-မြန်မာနယ်စပ်ရှိ   ရွှေလီနယ်စပ်ဂိတ်   (ဝမ်တိန်အပါ အဝင်)၊ တရုတ်- မြန်မာနယ်စပ်ရှိ ထိန်ချုံး ဟုတ်ချောင် နယ်စပ်ဂိတ်၊     တရုတ်- မြန်မာနယ်စပ်ရှိ   မိန်းတိန် ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ကို       ယူနန်ပြည်နယ် စမတ်နယ်စပ်ဂိတ်အဖြစ်  တည်ဆောက်လျက်ရှိသည်။ စမတ်သိပ္ပံနည်းပညာဖြင့်        စွမ်းဆောင်မှုပြုခြင်း၊ ခေတ်မီသော အဆောက်အအုံများ၊ ထိရောက်သော   ကြီးကြပ်မှု၊    ပထမတန်းစား  ဝန်ဆောင်မှုများနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထား အာရုံ စိုက်ကာ     ယင်းနယ်စပ်ဂိတ်များ၏   ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုနှင့်      ပံ့ပိုးကူညီမှုဆိုင်ရာ   အခြေခံ အဆောက်အအုံများ  တည်ဆောက်မှုတို့ကို  တစိုက် မတ်မတ် မြှင့်တင်ဖော်ဆောင်မည်ဖြစ်သည်။

 


ယူနန်ပြည်နယ်       ဖွံ့ဖြိုးတိုးတက်ရေးနှင့် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ယူနန် ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနတို့သည် ရင်းနှီးမြှုပ်နှံမှု ယွမ်  ၃၆၉ သန်း   စီစဉ်ကာ မောဟန်း နယ်စပ်ဂိတ်၊ ဟော်ခိုနယ်စပ်ဂိတ်နှင့်  ရွှေလီနယ်စပ် ဂိတ်တို့၌       စမတ်နယ်စပ်ဂိတ်    စီမံကိန်းသုံးခု တည်ဆောက်ရေးနှင့် ထိန်ချုံးဟုတ်ချောင် နယ်စပ် ဂိတ်နှင့်   မိန်းတိန်  ချင်းရွှေဟော်နယ်စပ်ဂိတ်တို့၌ စမတ်နယ်စပ်ဂိတ်       စီမံကိန်းနှစ်ခုကို   စတင် တည်ဆောက်ရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။  

ကိုရိုး