တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ်  ၄၈  /၂၀၂၁
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း    ၁၁   ရက်
( ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ   ၁၄   ရက် )
၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂  တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။   
၂။    တရုတ်-မြန်မာ  နှစ်နိုင်ငံကုန်သွယ်မှုကို  တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏  ရည်ရွယ်ချက်များနှင့်အညီ  ပြည်တွင်းငွေကြေး သုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင်   ယွမ်/ကျပ်   တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။ 


r တရုတ်-မြန်မာမှ
၃။    ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင်   နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့်   ပို့ကုန်တင်ပို့သူ များ၏  ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်။
၄။    သို့ဖြစ်၍      ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည်    တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင်      ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက်     (Guideline) အား လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ 
၅။    ဤအမိန့်ကြော်ငြာစာသည်   ထုတ်ပြန် သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ 
                 သန်းညိန်း
                  ဥက္ကဋ္ဌ
            မြန်မာနိုင်ငံတော်ဗဟိုဘဏ်