
နေပြည်တော် စက်တင်ဘာ ၆
ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်း ဒေသကြီး/ပြည်နယ်ဥပဒေအရာရှိ များ၏ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်း လမ်းညွှန်ချက်များနှင့် စပ်လျဉ်း ၍ ထပ်ဆင့်ရှင်းလင်းပွဲကို ပြည်ထောင်စုနယ်မြေ လယ်ဝေး ခရိုင်ဥပဒေရုံး၌ စက်တင်ဘာ ၄ ရက်က ကျင်းပသည်။
ထပ်ဆင့် ရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာ ဝန်ကြီးဌာနတွင် စက်တင်ဘာ ၂ ရက်ကကျင်းပသည့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန် မှာကြားချက်များကို လည်း ကောင်း၊ တိုင်းဒေသကြီး ဥပဒေ အရာရှိ ဦးအေးသိန်းက ညွှန်ကြား ရေးမှူးချုပ်များ၏ လမ်းညွှန် ချက်များကို လည်းကောင်း ထပ်ဆင့်ရှင်းလင်း ပြောကြား သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲ တွင် ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင်၊ ရမည်းသင်းခရိုင်နှင့် အဆိုပါခရိုင် များအတွင်းရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်