တရားမဝင်သယ်ဆောင်လာသော မီးသွေးအိတ် ၂၇၁ အိတ် သစ်တောဥပဒေနှင့်အညီ အရေးယူ

 

နေပြည်တော်    သြဂုတ်    ၂၄


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ကမ်းခြေစောင့်တိုက်ရေယာဉ် (၅၆၆) မှ  နယ်မြေရှင်းလင်းတိုက်ကင်းလှည့်စဉ် ကော့သောင်းခရိုင် ကျွန်းပြားကြီးကျွန်း အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် တရားမဝင် ငါးဖမ်းရေယာဉ်တစ်စင်းနှင့်  ဆက်စပ်ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရလည်းကောင်း၊ သြဂုတ် ၂၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ ထိုင်းနိုင်ငံထုတ် “ပျား” တံဆိပ် စားအုန်းဆီ ပုံး ၁၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၀၀၀၀၀)၊ ထိုင်းနိုင်ငံထုတ် အသင့်စားကြာဆံထုပ် ဖာ ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan အမျိုး အစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို  အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၇၆၀၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ သြဂုတ် ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်    ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကံမမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ်ခွဲသား ၂၂ ဒသမ ၅၄၃၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၆၅၃၀၈၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မင်းလှ မြို့နယ်အတွင်း ရေနံစိမ်း ၄၈ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၆၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ  ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၇၄၉၀၈၀ )ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့ပြင် သြဂုတ် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် ကုန်လှောင်ရုံ၌   တာဝန်ကျအကောက်ခွန်အဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့် ရက် ၉၂ ရက်ဖြစ်ပေါ်သည့် လုပ်ငန်းသုံးစက်အပိုပစ္စည်းများ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၀၃၅၂၅၀) နှင့် လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်း ရောက်ရှိသည့်ရက် ၆၅  ရက်ဖြစ်ပေါ်သည့်  X-ray စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀) စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ်    ၂၁၅၃၅၂၅၀)   ကို    သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 

 


ယင်းအပြင်    ရန်ကုန်တိုင်းဒေသကြီး     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်    သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ရန်ကုန်မြောက်ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့် အနီး၌ တရားမဝင် ကျွန်းပါကေး (အကြမ်းတုံး) ၀ ဒသမ ၉၁၀၂ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၇၃၂)  နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Nissan AD Van အမျိုးအစား မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်   ၃၀၀၀၀၀၀၀)  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၀၀၇၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ   သြဂုတ်  ၂၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက် မည့် မော်တော်ယာဉ် တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော   စားသောက်ကုန်ပစ္စည်းများ   (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၅၀၀၀၀) ကိုလည်းကောင်း၊ သံလွင်တံတား စုပေါင်း စစ်ဆေးရေးဂိတ်၌    တာဝန်ကျစစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော် ယာဉ် တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထား သည်ထက် ပိုမိုတင်ဆောင်လာသော Lady Shoe အစုံ ၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၆၀၀၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၁၁၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ    စစ်ကိုင်းတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်     သစ်တောဦးစီးဌာန ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က  ရတနာပုံတံတား တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး စုပေါင်းစစ်ဆေးရေးဂိတ်၌  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်၌ တရားမဝင်သယ်ဆောင် လာသော မီးသွေးအိတ် ၂၇၁ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင် သြဂုတ် ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  ပဲခူးမြို့နယ် အကောက်ခွန်ဌာနမှူးဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဘုရားကြီး တိုးဂိတ်အနီး၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ  ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်  စားသောက်ကုန်ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၁၉၀၀၀)နှင့်  အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့်  Mitsubishi  Fuso အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၀၀၀၀၀၀၀)    စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၅၁၁၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍   သြဂုတ်  ၁၈  ရက်၊  ၂၁  ရက်၊  ၂၂  ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၁၇၆၆၈၄၀၆၂)    ဖြစ်ကြောင်း     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။              

သတင်းစဉ်