
နေပြည်တော် စက်တင်ဘာ ၂၇
တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ တံတားစစ်ဆေးရေး ဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် အေးခဲအသားများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀)နှင့် အဆိုပါကုန်စည် များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော လူသုံးကုန် ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၇၆၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Hino Profia အမျိုးအစားကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၀၀၇၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မကွေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ အောင်လံမြို့နယ် အရှေ့ရိုးမ ကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ ၀ ဒသမ ၇၅၂၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၅၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
၎င်းအပြင် နေပြည်တော် ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်း ရေးဌာနစုဦးဆောင်သော ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၄ ဒသမ ၁၈၀၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၂၆၁၄)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူ စက်တင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ် ကျွဲရဲပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ Wish အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ Honda Odyssey အမျိုး အစား မော်တော်ယာဉ် တစ်စီးနှင့် Voxy အမျိုးအစား မော်တော်ယာဉ် တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ကရင်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ(OSS)ကုန်သွယ်ရေးဇုန်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန် အစာ ကီလိုဂရမ် ၄၅၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၆၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရား မဝင် သစ်မျိုးစုံ ၃ ဒသမ ၃၄၈၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၄၈၄၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၁၆၈၆၇၂၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်