
နေပြည်တော် ဒီဇင်ဘာ ၃
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာ ထားသည်နှင့် ကွဲလွဲစွာပါရှိလာ သည့် HELICAL GEAR MOTOR တစ်လုံးနှင့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၀၄၆၁၃၅) ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းကြေညာသည့် ဆေးဝါးမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၈၈၉၁၈၃)ကိုလည်း ကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၃၉၃၅၃၁၈)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဒီဇင်ဘာ ၂ ရက် တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၈/၆)အနီး၌ တရားမဝင် ကျွန်းသစ်ခွဲသား ၂ ဒသမ ၂၄၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၈၃၁၅၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော ISUZU အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၁၄၈၃၁၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သောစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူ မြို့နယ်အတွင်း လိုင်စင်မဲ့ LUCKY ONE 125 အမျိုးအစား မော်တော် ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင် နှင့် သာယာဝတီခရိုင်အတွင်း ကျွန်းသစ် ၉ ဒသမ ၂၇၄၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၅၉၀၃၂)ကို သစ်တောဥပဒေ အရလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၆/၃)နှင့် (၆/၄) အကြား၌ လိုင်စင်မဲ့ Mitsubishi Pajero အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၅၉၀၃၂ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၅၇၇၅၀၂ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်