တရားမဝင်ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများမရှိစေရေး မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်နိုင်ရန်လိုအပ်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍ စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက် လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့်   ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုလုပ်ငန်း များကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။ 

 


သို့ရာတွင်   မသမာသူများမှ   အချက်အလက်များ  မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အားအသုံးချ၍ မသမာ သည့် နည်းလမ်းဖြင့် တရားမဝင်  ငွေလွှဲပြောင်းမှုများနှင့်  ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ငွေကြေးလိမ်လည်မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှု များကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်သူများအနေ ဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ် လျက်ရှိပါသည်။  

 


ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ပါသည်။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရောနစ် စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (Electronic – Know Your Customer (e-KYC)) လုပ်ငန်းစဉ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီ    မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့်  အမည်၊   နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆင်းမ်ကတ်နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ National Database နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များ ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့်  အသုံးပြုသူများအနေဖြင့်      ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာဖြည့်စွက် သွားရန် လိုအပ်ပါသည်။ အချက်အလက်ဖြည့်သွင်းခြင်းအား သတ်မှတ် ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်း များအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

 


သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိသည့်   မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊   မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက်ဆောင် ရွက်နေသည့်လုပ်ငန်းများ၊     မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်း   စသည့်မိုဘိုင်းငွေပေးချေမှု   အသုံးပြုသူများ အနေဖြင့်   နီးစပ်ရာ  ကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ အဆင့်မြှင့်တင်ရန်    လိုအပ်ပါသည်။  မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပေးသူများအနေဖြင့် KYC အား Level 1 မှ Level 2 သို့ အဆင့်မြှင့်တင် နိုင်ရေးအတွက် သုံးစွဲသူများထံသို့ SMS ပေးပို့ခြင်းအား ဆောင်ရွက် ရမည်ဖြစ်ပါသည်။ အဆင့် ၂ (Level 2) သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများ အား အသုံးပြုနိုင်မည့်  နည်းလမ်းများကို  ဘဏ်များ၊  မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန်  အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်