တရားမဝင် တိရစ္ဆာန်၊ ဆက်သွယ်ရေးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ  ၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌       တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  အောက်တိုဘာ ၄ ရက်တွင်    လိုင်စင်ခွင့်ပြုချက်မရမီ   ကုန်ပစ္စည်း ရောက်ရှိသည့် ရက် ၆၀ ကျော်လွန်သည့် ဆက်သွယ် ရေးပစ္စည်းများ၊ CCTV Camera နှင့် ဆက်စပ်ပစ္စည်း များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၅၅၀၀)ကိုလည်း ကောင်း၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ်အစုံ ၁၆၅၆၀  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၄၈၄၀၀၀၀) ကိုလည်း ကောင်း၊ အောက်တိုဘာ ၅ ရက်တွင် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့်   မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၀၄၇၅)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၁၂၅၉၇၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ  ၅  ရက်တွင်  ရွှေဘိုမြို့နယ်အတွင်း Kenbo 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကိုလည်းကောင်း၊ အောက်တိုဘာ ၆ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံ တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Toyota Mark II အမျိုးအစား       လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၅၀၀၀၀၀)  ကိုလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ အောက်တိုဘာ ၆ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပန်တိုင်စစ်ဆေးရေး ဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော  ခိုင်းနွားနှင့်  နို့စားနွား ၁၆ ကောင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၈၆၅၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် နောက်တွဲယာဉ် တစ်စီးနှင့်  Scania အမျိုး အစား Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၈၆၅၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထပ်မံ၍  အောက်တိုဘာ  ၇  ရက်တွင် ကရင် ပြည်နယ်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်   တစ်စီးပေါ်၌    တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ    တင်ပြနိုင်ခြင်း မရှိသည့် လိမ္မော်သီး ၅၁ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  အောက်တိုဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊    ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၇၆၄၄၂၅၃၅  ဖြစ် ကြောင်း     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်