တရားမဝင် သစ်တောထွက်ပစ္စည်း၊ ဓာတုကုန်ကြမ်းပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ  ဆောင်ရွက်ခဲ့ရာ  တရားဝင်  စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Dji Drone နှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်  ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့်   အင်းစိန်ခရိုင် တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌    သတင်းအရ     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ပေါ်မှ  တရားမဝင် Potassium Nitrate Crystals ကီလိုဂရမ် ၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင်    ကချင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာအနီးတွင်  မော်တော်ယာဉ်တစ်စီးပေါ်၌  တရားမဝင်  မီးသွေး အိတ် ၁၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၄၄) နှင့် အဆိုပါမီးသွေးအိတ်များ   တင်‌ဆောင်လာသော Toyota Dyna အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၁၉၃၄၄ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ     ပဲခူးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   ပဲခူးမြို့နယ်  အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သော   စစ်ဆေးရေးအဖွဲ့က  ရွှေသံလွင် တိုးဂိတ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများအပါအဝင် ကုန်စည်ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သော မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း  ခန့်မှန်းတန်ဖိုး  ငွေကျပ် ၄၉၂၄၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုင်းဆတ် မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆိုင်ခေါင်ရွာနှင့် ကောင်းမှုတန်ရွာကြား၊ တာချီလိတ်-မိုင်းဆတ်   ကားလမ်းမအနီးတွင်   စုပုံထားသော အကောက်ခွန်မဲ့        မော်တော်ကားတာယာများ အပါအဝင် ကုန်စည်ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၂၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။
ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်း၌   တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   မော်တော်ယာဉ်  နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်းမရှိသော Plastic Tube များ  ၁၂၀၀ ကီလို ဂရမ်နှင့် အမျိုးသမီးစီးဖိနပ်များ အရန် ၄၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၃၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၇၉၃၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၆ ရက် နှင့် ၁၈  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ်     ၂၂၁၀၀၅၃၄၄      ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်