
နေပြည်တော် အောက်တိုဘာ ၁၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ကချင်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သော ပူးပေါင်း အဖွဲ့က ကာမိုင်း-နန့်ယား-ဖားကန့်သွား လမ်းမ ပေါ်တွင် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီးပေါ်၌ ထိန်းချုပ်ဓာတု ပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသော အဖြူရောင်အစေ့ငယ်အိတ်များ ၂၄၈၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် တိုင်းဒေသကြီးရှိ ကုန်သေတ္တာစစ်ဆေးရေးစခန်း များတွင် တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Wilmar ဆိပ်ကမ်း ၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၅၄၂၉၅၈) ကို လည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော Clear Float Glass များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၅၂၉၂၄) ကို လည်းကောင်း ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၁၉၅၈၈၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ပြန်လည် ပြုပြင်ထားသည့် မော်တော်ယာဉ်နှင့် ယန္တရားအပို ပစ္စည်းများ၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၁၃၅၀၀၀) နှင့် အဆို ပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲ ယာဉ် တစ်တွဲနှင့် Nissan Diesel Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်း ကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၆ ဒသမ ၀၀၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၃၂၄၃၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၆၆၇၄၃၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့ တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကြမ်းခင်း ဖယောင်းပုဆိုး ၄၀ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၈၀၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၂၄၃၃၁၄) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်